ကျနော် ကိုယ်တွေ့ ဖြစ်ရပ်လေးပါ အားလုံး သတိထား ဆင်ခြင်နိုင်ဖို့ အရှက်ကွဲခံ ပြန်လည်ဖော်ပြရပါတယ် ကျနော်တို့လို gay တွေ အခြောက်တွေဆိုတာ လောကကြီးကို ဆန့်ကျင်ပြီး တမင်တကာ ဖြစ်ချင်တိုင်းဖြစ်လို့နေတာ မဟုတ်ပါဘူး။ သဘာဝကပေးတဲ့ အထီးအမ ရုပ်ခန္ဓာပေါ်မှာ သဘာဝနဲ့ ပတ်ဝန်းကျင်ကပေးလိုက်တဲ့ စိတ်တွေ ထပ်တူမကျနိုင်ခဲ့လို့ သူများတွေ မိန်းမ ရည်းစားတွေနဲ့ သာယာနေတဲ့ အချိန်မှာ ကျနော်တို့တွေက ဘဝက ဘယ်သုကို အဖော်ပြုရမယ် မသိဖြစ်နေရတာပါ။
အရိုးသားဆုံး ဝင်ခံရရင် ကျနော်တို့လည်း မိန်းကလေး ၁ယောက်ကို ချစ်ချင် ကြိုက်ချင် အိမ်ထောင်ပြုချင်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ ကြိုးစားပြီး ကြိုက်ကြည့်လို့မရတဲ့ စိတ်နဲ့ သဘာဝနဲ့ ကွဲလွဲနေတဲ့ အကုသိုလ်ကြီးလှတဲ့ ဘဝပါ။
တနေ့ကျနော်ဆီကို အသည်းအသန်ုဖုန်းဆက်ပြီး sex လုပ်ရန် date ပါတယ်။
ကျနော်ကလည်း ဘယ်လိုမှ မအားပါဘူး အဲ့ဒါနဲ့ နောက်နေ့တွေလည်း ထပ်ဆက်ပါတယ်း
အဲ့ဒါနဲ့ ကျနော်လည်း မအားအားအောင် လုပ်ပြီး ၁ညတွေ့လိုက်ပါတယ်။
သူက သူတည်းခိုရာ တည်းခိုခန်းမှာ တွေ့ပါတယ်။ ဖုန်းထဲက sex porn movie တွေကိုဖွင့်ပြပါတယ်။ အမြန်ပြောရမယ် ဆိုရင်တော့ sex ဖြစ်ကြပါတယ်။
ခဏကြာတော့ အခန်းတံခါးကို ရုပ်ရှင်ထဲက လူကြမ်းလို လူတယောက်လာခေါက်ပါတယ်။ ပြီးတော့ ဝင်လာပြီး ဆွဲလားရမ်းလား သူ့ညီကို ဘာလုပ်တာလဲ ဆိုပြီး action အပြည့်နဲ့ပြောပါတယ်
။ ပြီးတော့ သူတို့ ဇာတ်တိုက်ထားတဲံ့ အတိုင်း အကြီးအကျယ်တွေ လုပ်ပြပါတယ် ပြီးတော့ ကျနော်က ဘာဖြစ်ချင်တာလည်းလို့ မေးတော့ ပိုက်ဆံညှစ်ပါတယ်။ စစချင်း ၅သိန်းတောင်းပါတယ်။ ကျနော်လည်း မပေးနိုင်ကြောင်းပြောပြီး ရဲစခန်းကိုတိုင်လို့ ရတယ်ပြောတော့။ သွားချင်ရင်သွားလို့ ရကြောင်း ရဲစခန်းက သူတို့ အပိုင်ဖြစ်ကြောင်း စခန်းရောက်မှ သူတို့ဘာဆိုတာ သိမည်ဖြစ်ကြောင်း။ အရှက်မကွဲချင်လျှင် ဒီမှာရှင်းလိုက်ပါဆိုပြီး ခြိမ်းခြောက်တောင်းပါတယ်။ ကျနော်ကလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ရဲစခန်းကို ထွက်ခဲ့ပါတယ်။
တဖြည်းတဖြည်းနဲ့ စခန်းနားရောက်တော့မှ ပါသလောက်ပေးခဲ့ရန်ပြောပြီး။ ထွက်ပြေးသွားပါတယ်။ တော်ရုံတန်ရုံဆိုရင် ကြောက်လန့်တကြားနှင့် ပေးမိမှာသေချာပါတယ်။
ထိုသူနာမည်က ကိုထွန်း ဆိုသူဖြစ်ပြီး ထိုနည်းမျိုးဖြင့် လုပ်စားနေတာကြာပါပြီ အကြိမ်ပေါင်းများစွာ ရှိနေပါပြီ
သူငယ်ချင်းတွေ အားလုံးလည်းရှောင်လိုရအောင်မျှဝေပေးပါတယ်။ သူဓါတ်ပုံလည်းပါပါတယ်။ facebook account ကတော့ https://www.facebook.com/mchtun.sky ဖြစ်ပါတယ်။
မိန်းမလျာ ဘဝဆိုတာ ဖြစ်ချင်လွန်းလို့ ဖြစ်နေတာမဟုတ်ပါဘူး ပြုပြင်လို့မရတဲ့ စိတ်ကြီးကြောင့် သောက ဒုက္ခတွေ ဝေနေရတဲ့ဘဝပါ ဖြစ်နိုင်ရင် မိန်းကလေးတွေကို စွဲလန်းတဲ့စိတ် ချစ်ခင်တဲ့စိတ်လေး ပေးသနားပါလို့ ဆုတောင်းချင်ပါတယ်။ ကျနော်လည်း သူများတွေလို မိသားစုလေးနဲ့ နေချင်ပါတယ်။
https://www.facebook.com/minmin.aung.543/posts/847076102026964

No comments:
Post a Comment