Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား သင်္ဂြီုဟ်


ကျောက်မဲ ဇန်နဝါရီ ၁၄

လက်နက်ကိုင် လူတစ်စု၏ ရက်စက်စွာ သေနတ်ဖြင့်ပစ်ခတ် ပြီး မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရသည့် ကျောက်မဲမြို့နယ် ဟဲကွီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချင်းရွတ် (၅၉ နှစ်) ၏နာရေးကို ဇန်နဝါရီ ၁၄ ရက် မွန်းတည့် ၁၂ နာရီက ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးမှ တောင်သုသာန် သို့ ပို့ဆောင်သင်္ဂြိုဟ်ရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း ဆောင်ဆီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းခိုင်၊ မြို့ပေါ်ရှိ ပါတီအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ လူမှု ရေးအသင်းအဖွဲ့များ၊ ဟဲကွီကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှပြည်သူ များ လိုက်ပါပို့ဆောင်ကြသည်။

ဇန်နဝါရီ ၉ ရက်က နောင်ပိန် ကျေးရွာသို့ ပြောင်းဖူးစေ့သွားရောင်း ရာ ၎င်းက ပြောင်းဖူးစေ့အိတ်များနှင့် အတူ ကားဖြင့်ရှေ့ကသွားပြီး ဖခင် ဦးချင်းရွတ်က နောက်မှ မော်တော် ဆိုင်ကယ်ဖြင့် လိုက်လာခဲ့သော်လည်း လမ်းတွင် ပျောက်ဆုံးနေသဖြင့် နောင်ပိန်ရဲစခန်း၌ လူပျောက်မှုဖြင့် တိုင်တန်းခဲ့ကြောင်း၊ ၎င်း၏ဆွေမျိုး များနှင့် ရွာသားများ စုပေါင်းပြီး နေ့စဉ် တောနင်းရှာဖွေခဲ့ရာ ဇန်န ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကုန်းညောင်ရွာအနီး တောင်ကုန်း ပေါ်တွင် မီးလောင်ကျွမ်းနေသော ဖခင်၏အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အလောင်းအနီးတွင် ၄င်းစီးနေကျ ဆင်ကြယ်ညှပ်ဖိနပ်တစ်ရန်၊ ၄င်း၏ လက်ရေးဖြင့် မှတ်ပေးထားသော မီးလောင်ကျွမ်းနေသည့် မှတ်စု စာအုပ်မှ စာရွက်အချို့ကို တွေ့ရှိခဲ့ ကြောင်း စသည်ဖြင့် ဦးချင်းရွတ်၏ သားဖြစ်သူ စိုင်းဆာလူ (၃ဝ နှစ်)က ပြောကြားသည်။

ဦးချင်းရွတ်၏ ကိုယ်ခန္ဓာအတွင်း၌ ကျည်ဆန်ခဲဖူး တွေ့ရှိသည်ဟုဆိုသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လွင် က ဦးချင်းရွတ်၏ ကျန်ရစ်သူမိသားစု များအား နာရေးကူညီငွေပေးအပ်ပြီး အားပေးစကား ပြောကြားခဲ့သည်။ ဦးချင်းရွတ်တွင် ဇနီး ဒေါ်နန်းထွေး နှင့် သားသမီးငါးဦး ကျန်ရစ်ခဲ့သည်။

မောင်မောင်(ကျောက်မဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment