Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

လုပ်ငန်းခွင် ပြဿနာ ဖြစ်ပွားပါက အထည်ချုပ် အော်ဒါ မှာယူမှု ကျဆင်းနိုင်


ရန်ကုန် ဇန်နဝါရီ ၁၃

ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများက အဓိက မှာယူလေ့ရှိသော အထည်ချုပ်အပ် ထည်အော်ဒါများသည် အလုပ်သမားဆန္ဒ ပြမှုများနှင့် အလုပ်သမားဆိုင်ရာ ပဋိပက္ခ များဖြစ်ပွားပါက အော်ဒါမှာယူမှု ရပ်ဆိုင်း ခြင်းများ ကြုံတွေ့နိုင်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌဦးမြင့်စိုး က ပြောသည်။

''ဂျပန်ငွေဈေးကျဆင်းလို့ အပ်ထည် တွေမမှာတော့တာလဲရှိတယ်။ ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမား ပဋိပက္ခတွေဖြစ်ပွားရင်လဲ နာမည်ကြီး အမှတ်တံဆိပ်တွေက အော်ဒါတွေမလာ တော့တာတွေရှိတတ်ပါတယ်'' ဟု ဦးမြင့် စိုးကပြောသည်။နိုင်ငံတကာသို့ တင်ပို့မှုအများဆုံး ထုတ်ကုန်များတွင်ပါဝင်သော CNP အထည်ချုပ်ကဏ္ဍတွင် အဓိကတင်ပို့သော နိုင်ငံများမှာ ဥရောပသမဂ္ဂ(EU) နိုင်ငံများ၊ ဂျပန်နှင့် တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ) စသောနိုင်ငံများဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီး ယားမှ အဆင့်မြင့်တန်ဖိုးကြီးအဝတ် အထည်နှင့်CNP ကုန်စည်များသည် မြန်မာ နိုင်ငံ၌အော်ဒါမှာယူရာတွင် Social Business လူမှုစီးပွားအထောက်အကူပြုနိုင် သောစံချိန်စံညွှန်းများကို ကြည့်ရှုအကဲ ဖြတ်လေ့ရှိကြောင်း သိရသည်။

''ပြည်တွင်းက အလုပ်သမားဆန္ဒပြ မှုတွေနဲ့ အလုပ်သမားတွေရဲ့ဘဝအမှန်တွေ ကို မီဒီယာတွေကတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံကုမ္ပဏီရုံးချုပ်တွေအထိ သိရှိလာတဲ့ အတွက်လက်ရှောင်တဲ့သဘောပါပဲ။ ဥရောပ သမဂ္ဂ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်တဲ့ စက်ရုံက ထွက်ရှိလာတဲ့ကုန်စည်တွေကို သက်ဆိုင် ရာအလုပ်သမားသမဂ္ဂတွေက မဝယ်ဖို့ ဆန္ဒပြတာတွေတောင်ရှိပါတယ်။ ဒါကြောင့် အပ်ထည်တွေနည်းပါးလာတဲ့ သဘောပါပဲ''ဟု အလုပ်သမားအငြင်း ပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီဝင် အလုပ်သမားကိုယ်စားလှယ် ဦးရဲနိုင်ဝင်း ကသုံးသပ်သည်။

နိုင်ငံကြီးများတွင် အလုပ်သမားအခွင့် အရေးချိုးဖောက်သည့် ကုမ္ပဏီများ၊ စက်ရုံ များမှထုတ်ကုန်များမှာနာမည်ပျက်စာရင်း ထည့်သွင်းခြင်းခံရသောကြောင့် အလုပ် သမားပြဿနာမရှိသောစက်ရုံများသို့ ကုန် အမှာစာများပြောင်းလဲပေးအပ်ကြကြောင်း သိရသည်။

အလုပ်သမားပြဿနာကြောင့် အထည် ချုပ်လုပ်ငန်းများ ထိခိုက်နိုင်သောကြောင့် အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ် ရှင်ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ်က အနည်းဆုံးလုပ်ခလစာ အမြန်ဆုံးပြဋ္ဌာန်းပေးရန် တောင်းဆိုထား ကြောင်း သိရသည်။

ဓာတ်ပုံ - ဖိုးချို

ပြည့်ဖြိုးကျော်
The Union Daily
http://uniondaily.net/News/DetailView.aspx…

No comments:

Post a Comment