တစ်လောကတုန်းက
မျက်ရည်ကျတဲ့ ဆင်လေး တစ်ကောင် ဆိုပြီးတော့ ကမ္ဘာကျော်သွားတာ အချို့က
သိပါလိမ့်မယ်။ Raju လို့ အမည်ရတဲ့ ဆင်လေး ဖြစ်ပြီး အိန္ဒိယ နိုင်ငံက
မြို့ငယ်လေး တစ်ခုမှာ နေထိုင်ပါတယ်။ သူ့ကို အရင် ပိုင်ရှင်က နှစ်ငါးဆယ်
လုံးလုံး စေခိုင်း ကျွေးမွေးထားပြီး ဒါကို လူတစ်ဦးက ကယ်ယူခဲ့ခြင်း
ဖြစ်ပါတယ်။ ဒါကို ခိုးတယ်ဆိုပြီးတော့ တရားဆွဲပေမယ့် တရားရုံး ဟာ ဆင်ကို
ဘေးမဲ့ပေးရမည် ဆိုပြီးတော့ အမိန့်ချမှတ်လိုက်ပါတယ်။
ဆင်ဟာ
ကယ်ဆယ်ပြီး ထွက်လာတဲ့ လမ်းတစ်လျှောက် ငိုလာပြီး အခြားသော အချိန်တွေမှာတောင်
ငိုနေခဲ့ပါတယ်။ သူ့ကို နှစ်ငါးဆယ် လုံးလုံး ပိုင်ရှင်ဖြစ်သူဟာ ရိုက်နက်
ငြင်းပမ်း နှိပ်စက်ကာ စေခိုင်းခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင် ဆင်အထီး
ဖြစ်တဲ့ Raju ရဲက ခန္ဓာကိုယ် နေရာ အချို့မှာ ဒဏ်ရာများနဲ့ ပြည့်နှက်နေ
ပါတယ်။ သူ့ကို စေခိုင်းတဲ့ သူဟာ မူးယစ်ဆေးဆွဲနေသူ ဖြစ်ပြီး အင်မတန်
နှိပ်စက်ခြင်း ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဆင်ကို
ပိုင်ဆိုင်ကြောင်း ပိုင်ရှင် တရားပြန်ဆွဲပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်
အရ ဆင်ကို ပြန်မရနိုင်တော့ ပါဘူး။ အိန္ဒိယနိုင်ငံမှာ ရှိတဲ့ ဆင်တိုင်းကို
အစိုးရ ပိုင်ကြောင်း ဆိုပါတယ်။ အစိုးရက ချမှတ်ပေးထားတဲ့ လိုင်စင်ရှိသူက
လွဲလို့ ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 9, 2015
ငိုကြွေးခဲ့ရတဲ့ ဆင်လေးကို ဘေးမဲ့ပေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment