CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 15, 2015
အီကွေဒေါ အလှမယ် အဆီစုပ်ယူ ခွဲစိတ်ကုသမှု ခံယူနေစဉ် သေဆုံး
အသက် ၁၉ နှစ် အီကွေဒေါ အလှမယ်လေး Catherine Cando ဆိုသူဟာ အဆီစုပ်ထုတ် ကုသနည်းခံယူ ရာမှ ခွဲစိတ်ကုတင်ပေါ်မှာတင် သေဆုံးခဲ့ကြောင်း Fox News Latino က ဖော်ပြထားပါတယ်။ အောက်တို ဘာလတုန်းက Queen of Duran သရဖူဆွတ်ခူးခဲ့တဲ့ ဆေးကျောင်းသူဟာ အချိန်ပိုင်းမော်ဒယ်လည်းဖြစ် တဲ့အပြင် ကားတစ်စီးနဲ့ တက်ဘလက်တစ်လုံးကိုပါ လက်ဆောင်ရရှိခဲ့ဖူးတယ်။
ဒီလို နာမည်ရလာပြီးနောက်ပိုင်း အစားအသောက်တွေ စနစ်တကျစားဖြစ်လာကာ လေ့ကျင့်ခန်းလည်း ပုံ မှန်လုပ်ဖြစ်လာတယ်လို့ သိရပြီး ကိုယ်အလေးချိန်လျော့ချဖို့ Cando ကြိုးစားလာခဲ့တယ်လို့ ဆိုပါတယ်။ အဆီစုပ်ယူ ကုသနည်းကိုတော့ အထူးဆောင်ရွက်ဖို့ အစီအစဉ် မရှိကြောင်း၊ လိုအပ်တယ်လို့လည်း မယူ ဆကြောင်း။ လုပ်လည်းမလုပ်ချင်ကြောင်း အီကွေဒေါသတင်းစာတစ်ခုဖြစ်တဲ့ El Telegrafo နဲ့ တွေ့ဆုံမှု တစ်ခုမှာ သူမပြောဆိုခဲ့ပါတယ်။ ခွဲစိတ်ကုသမှု မတိုင်မီ ဆရာဝန်ဆီမှ ကုသမှုခံယူဖို့ စည်းရုံးဆွဲဆောင် မှုတွေကိုလည်း ဖုန်းထဲမှ မကြာခဏရရှိခဲ့ပေမယ့် သူမ အမြဲတမ်း ငြင်းဆန်ခဲ့တယ်လို့ Cado ရဲ့ အစ်ကိုဖြစ် သူ Daniel Zavela က ဆိုပါတယ်။
တခြားတစ်ယောက်ယောက်ကို မေတ္တာလက်ဆောင် ခံယူစေဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် နောက် ဆုံးတော့ သူမ သဘောတူလက်ခံလိုက်ပါတယ်လို့ဆိုပါတယ်။ Cando ခွဲစိတ်ကုသမှုခံယူတဲ့နေရာက ဝန် ထမ်းတွေက သူမ နှလုံးရောဂါဝေဒနာကြောင့် သေဆုံးခဲ့တာပါလို့ သူမမိသားစုကို ပြောပြခဲ့ပါတယ်။ သို့ပေ မယ့် ၄င်းမိသားစုရဲ့ ရှေ့နေသိထားတာတော့ ဒီလို မဟုတ်ခဲ့ပါဘူး။
ဦးနှောက်ရေဝှက်တဲ့ ရောဂါတစ်ခုကြောင့် သူမသေဆုံးသွားတာဖြစ်ကြောင်း ကျွန်တော်သိထားတယ်လို့ ရှေ့နေ Carlos Reyes Izquierdo က ဆိုပါတယ်။ အဖြစ်ပျက်မှန်ကို တိတိကျကျဖော်ထုတ်ဖို့ နဲ့ သက်ဆိုင် ရာ စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ ပြောဆိုထားပြီးပြီလို့လည်း သူကဆိုပါတယ်။Cando ကို ကုသပေးတဲ့ ခွဲ စိတ်ဆရာဝန်ကိုတော့ အလုပ်ပေါ့ဆမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
Trend Myanmar
အီကွေဒေါ အလှမယ် အဆီစုပ်ယူ ခွဲစိတ်ကုသမှု ခံယူနေစဉ် သေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 15, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment