Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

ကိုယ်ဝန်ဆောင်တစ်ဦးပါ ပါဝင်သည့် သူခိုးဟုစွပ်စွဲခံရသူလေးဦးကို မက္ကဆီကိုတွင် ဝိုင်းရိုက်ပြီး သစ်ပင်နှင့်တွဲ၍ ကြိုးချည်ရာ တစ်ဦးသေဆုံး

မက္ကဆီကိုအလယ်ပိုင်းတွင် အိမ်တစ်လုံးကို ဖောက်ထွင်းသည် ဟု စွပ်စွဲခံရသော သူခိုးလေးဦးကို ဖမ်းမိပြီးနောက် လူအုပ်ကြီးက ဝိုင်း ၍ရိုက်နှက်ခဲ့ရာ သူခိုးလေးဦးမှ တစ်ဦးသေဆုံးသွားကြောင်း Daily Mail သတင်းအရ သိရသည်။

ထိုဖြစ်ရပ်သည် မက္ကဆီကို၏ ပူဘလာပြည်နယ်မှ တီဟွာကန်မြို့ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရိုက် နှက်ခံရသော သံသယရှိသူခိုးလေးဦး တွင် အမျိုးသားနှစ်ဦး၊ ဆယ်ကျော် သက်တစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။ အိမ်ကိုဖောက်ထွင်းနေစဉ် လူအုပ်ကြီးက ၄င်းတို့ကိုဖမ်းမိခဲ့သည်။

ယင်းနောက်တွင် လူ၁ဝဝခန့် ပါဝင်သည့် ဒေါသထွက်နေသောလူ အုပ်က ၄င်းတို့အား တုတ်များ၊ သံ ပိုက်လုံးများဖြင့် ဝိုင်းရိုက်ခဲ့ပြီးနောက် ၄င်းတို့ကို သစ်ပင်တွင် ကြိုးဖြင့်ချည် ခဲ့ကြသည်။

ကိုယ်ဝန်နှင့်အမျိုးသမီးသည် လည်း မျက်နှာအားအရိုက်ခံခဲ့ရပြီး ဆယ်ကျော်သက်အရွယ် ကောင်လေး ကိုလည်း ဝိုင်းရိုက်ကာ ¤င်း၏ လက်နှင့် ခြေထောက်ကို ပူး၍ ကြိုး ဖြင့်ချည်ခဲ့သည်ဟု သိရသည်။ ယင်း ကြောင့် ဆယ်ကျော်သက်၏မျက်နှာ၊ ရင်ဘတ်၊ ကျောကုန်းနှင့် ဦးခေါင်း တွင် ဒဏ်ရာရခဲ့သည်။

ထိုသို့ ပြင်းထန်စွာဝိုင်း၍ ရိုက် နှက်ခဲ့မှုမှ ရရှိသောဒဏ်ရာကြောင့် အရိုက်ခံရသူလေးဦးမှ တစ်ဦးသည် သေဆုံးခဲ့ရသည်။ ထိုဖြစ်ရပ်ဖြစ်ပွား နေစဉ် ဒေသဆိုင်ရာရဲများ ရောက်ရှိ လာသော်လည်း ရဲအရေအတွက်ထက် လူအုပ်ကပို၍များနေခြင်းကြောင့် ခရိုင်မှ ရဲများရောက်ရှိလာချိန်တွင်မှ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်တွင် ရဲတပ်ဖွဲ့က အသက် ရှင်သူသုံးဦးကို ဆေးရုံသို့ခေါ်ဆောင် သွားခဲ့ပြီး ကိုယ်ဝန်ဆောင်အပါအဝင် ¤င်းတို့သည် အသက်ရှင်မည်ဟု ယူဆ ရသည်။

တီဟွာကန်မြို့သူမြို့သားများ သည် မကြာခဏနေအိမ်များဖောက် ထွင်းခံနေရပြီး ¤င်းတို့အား နောက် တစ်ကြိမ်လာမခိုးရန် သတိပေး ဆုံးမ သည့်အနေဖြင့် ထိုသို့ရိုက်နှက်ရခြင်း ဖြစ်သည်ဟု ဒေါသထွက်နေသော လူငယ်တစ်ဦးက ဆိုသည်။

yangon media group

‪#‎Democracytoday‬

No comments:

Post a Comment