Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 12, 2015

လမ်းဘေးတွင်လမ်းလျှောက်နေသူများအား ဆိုင်ကယ်ဖြင့် ၀င်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ

လမ်းဘေးတွင်လမ်းလျှောက်နေသူများအား ဆိုင်ကယ်ဖြင့် ၀င်ရောက်တိုက်မိ၍ သေဆုံး/ဒဏ်ရာရ
နေပြည်တော်၊ ဇန်န၀ါရီ ၁၂
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မအူပင် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ လေးအိမ်စုကျေးရွာ၊ ရွာဝင်လမ်းအတိုင်း မအူပင်မြို့နယ်၊ ကုက်္ကိုစုကျေးရွာနေ မနော်ထိုက်ထိုက်စိုး(၂၉)နှစ် မောင်းနှင်လာသော ကန်ဘို - ၁၂၅ အနက်ရောင်ဆိုင်ကယ်မှာ လမ်း၏ယာဘက်ဘေးတွင်စက်ဘီးတွန်းကာ လမ်းလျှောက်နေသူများဖြစ်သည့် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာနေ သက်ပိုင်ဝင်း(၂၀)နှစ်နှင့် နိုင်နိုင်း(၉)နှစ်တို့အား နောက်မှ ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် နိုင်နိုင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး မနော်ထိုက်ထိုက်စိုးနှင့် သက်ပိုင်ဝင်းတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မနော်ထိုက်ထိုက်စိုးအား မအူပင်မြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment