CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 12, 2015
အမျိုးသမီးတစ်ဦး ရည်းစားနဲ့ရန်ဖြစ်ပြီးပြီးချင်း ကလေးနှစ်ယောက်ကို လက်ဆွဲကာ တိုက်ပေါ်က ခုန်ချသွားခဲ့
ကြားရတာ တော်တော်လေး စိတ်ဆင်းရဲစရာပါ။ ချစ်သူရည်းစားနဲ့ ပြသနာအကြီးအကျယ်တက်ပြီးတဲ့နောက်မှာ အသက် ၂၀သာရှိသေးတဲ့ Lucia Brum Padillaဟာ သူမရဲ့သမီးနှစ်ယောက်ကို လက်ဆွဲပြီး အထပ်၃၀မြင့်တဲ့ အဆောက်ဦးပေါ်ကနေ ခုန်ချခဲ့တာပါ။ သူတို့သုံးဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦး အော်ဟစ်ရန်ဖြစ်နေကြတဲ့အသံကို ဘေးအိမ်တွေက ကြားခဲ့ရတယ်လို့ ထွက်ဆိုကြပြီး ဖြစ်တဲ့ပြသနာကတော့ အမျိုးသားက အခြားအမျိုးသမီးနဲ့ ဇာတ်လမ်းတွေ ရှုပ်ခဲ့တာကြောင့်လို့ သိရပါတယ်။
အဲ့ဒီလို အော်ဟစ်ရန်ဖြစ်ပြီးပြီးချင်းမှာပဲ Lucia Brum Padilla ဟာ အသက် (၁)နှစ်အရွယ် သမီးနဲ့ (၂)နှစ်အရွယ် သမီးနှစ်ယောက်စလုံးကို လက်ဆွဲပြီး ၀ရံတာကနေ ခုန်ချသွားခဲ့တာပါတဲ့။ အဲ့ဒီနောက်မှာတော့ ချက်ချင်းဆိုသလို အဲ့ဒီအခန်းကို ဘေးအိမ်ကလူတွေ၊ တာဝန်ရှိသူတွေ ရောက်လာခဲ့ပြီး သူမရဲ့ ရည်းစားဖြစ်သူ အသက်(၃၃)နှစ်အရွယ် Carlos Pinto ကို တိုက်ပေါ်ကနေ ထပ်ခုန်မချစေဖို့ ၀ိုင်းဝန်းတာဆီးခဲ့ရတယ်လို့ သိရပါတယ်။
trend myanmar
http://www.trend.com.mm/2015/01/12/news-5453
အမျိုးသမီးတစ်ဦး ရည်းစားနဲ့ရန်ဖြစ်ပြီးပြီးချင်း ကလေးနှစ်ယောက်ကို လက်ဆွဲကာ တိုက်ပေါ်က ခုန်ချသွားခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment