Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 30, 2015

တရုတ်အစိုးရက ဒုတိယမြောက် ကလေးထပ်မံယူကြရန် တရားဝင်ခွင့်ပြု ထားသော်လည်း လျှောက်ထားသူ အနည်းငယ်သာရှိ






တရုတ်နိုင်ငံတွင် အမျိုးသား၊ အမျိုးသမီး ဦးရေ ညီမျှမှု မရှိခြင်းကို ဖြေရှင်းနိုင်ရန် အတွက် နိုင်ငံအတွင်း ရှိ မိသားစုများ အနေဖြင့် ဒုတိယမြောက် သား၊ သမီး တစ်ဦးကို ထပ်မံ ရယူကြရန် နိုင်ငံ အတွင်းရှိ အကြီးမားဆုံး မြို့တစ်မြို့ ဖြစ်သည့် ရှန်ဟိုင်းမြို့မှ အာဏာပိုင် များက မြို့အတွင်းရှိ ပြည်သူများကို တိုက်တွန်း လိုက်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက် သည် တရုတ် အစိုးရက နိုင်ငံအတွင်းရှိ မိသားစုများ အနေဖြင့် ဒုတိယ သားသမီး တစ်ဦးကို ထပ်မံ ရယူလို ပါက ရယူ၍ ခွင့်ပြု ထားကြောင်း တရားဝင် ထုတ်ပြန်ပြီး အချိန်မှ စ၍ ဒေသတွင်းရှိ မိသားစု အနည်းငယ် ကသာ နောက်ထပ် သားသမီးများ ရယူရန် အာဏာပိုင် များထံသို့ လျှောက်ထား ပြီးနောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအတွင်းရှိ စီးပွားရေး မြို့ကြီးတစ်မြို့ ဖြစ်သည့် ရှန်ဟိုင်းမြို့တွင် နောက်ထပ် ကလေးရယူ နိုင်သည့် အမျိုးသမီး ၉ဝ ရာခိုင်နှုန်း ရှိသော်လည်း ၄င်းတို့အနက် ငါးရာခိုင်နှုန်း ခန့်ကသာ ဒုတိယမြောက် ကလေး ရယူရန် လျှောက်ထား ခဲ့ကြောင်း အာဏာပိုင် များ၏ ပြောကြားချက် အရ သိရသည်။

တရုတ် နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအနက် ကလေး မွေးဖွားမှု အနိမ့်ကျဆုံး နိုင်ငံအဖြစ် ရပ်တည်လျက် ရှိပြီး အစိုးရ၏ တစ်အိမ်ထောင် ကလေးတစ်ဦး စနစ်ကို ဆယ်စုနှစ် လေးခုကြာ အသုံးပြု ခဲ့ခြင်းကြောင့် မွေးဖွား လာသည့် ကလေး အများစု မှာ ယောက်ျားလေး များဖြစ်ပြီး မိန်းကလေး အရေအတွက် မှာ နည်းပါး ခဲ့ခြင်းကြောင့် နိုင်ငံအတွင်း အမျိုးသမီး နှင့် အမျိုးသား ဦးရေ ကွာဟမှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု သိရသည်။

တရုတ် အစိုးရသည် နိုင်ငံ အတွင်းရှိ ပြည်သူများကို ဒုတိယမြောက် ကလေးငယ်ကို ရယူနိုင်ရန် အတွက် ၂ဝ၁၃ ခုနှစ်မှ စ၍ ဥပဒေ သတ်မှတ်မှုများ ပြုလုပ်ခဲ့ သော်လည်း နိုင်ငံအတွင်းရှိ အိမ်ထောင်ရှင် အနည်းငယ် ကသာ နောက်ထပ် ကလေး ရယူရန် လျှောက်ထား ခဲ့ကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment