ယိမ်းလိုက်ဆိုတဲ့
ပထမအခွေလေးနဲ့လဲ ပရိသတ်အများ လက်ခံအားပေးခဲ့သလို ဒုတိယ
တေးစီးရီးခွေဖြစ်တဲ့ ချစ်လို့ဆိုတဲ့ အခွေလေးကလဲ ပရိသတ်တွက် သူမရဲ့
ဒုတိယမြောက် ဖန်တီးပေးဆပ်မှုတစ်ခုပါလို့ပြောပြလာတဲ့
အိုင်းရင်းဇင်မာမြင့်နဲ့တွေ့ဆုံခိုက် “ဒီအခွေလေးကို ထပ်လုပ်ဖြစ်တာကလဲ
အိုင်းရင်း မေမေရဲ့ အားပေးမှုတွေကြောင့်ပါ။ ချစ်လို့ဆိုတဲ့ အခွေလေးက အရမ်းလဲ
ထူးခြားပါတယ်။ အိုင်းရင်းကိုယ်တိုင် စိတ်ရော လူပါ နှစ်ပြီး အကောင်းဆုံး
ကြိုးစားထားတယ်။ ဒီအခွေလေးထဲမှာ သီချင်း အားလုံးပေါင်း ၁၃ ပုဒ် ပါပါတယ်။ ၁၃
ပုဒ်မှာ တစ်ပုဒ်ထဲ ကော်ပီ၊ ကျန်တာကတော့ Own tune တွေကြီးပါပဲ။
ချစ်လို့ဆိုတာကို ပေးဖြစ်တာက အိုင်းရင်းက ယနေ့ထိ
ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့် အသက်ရှင်ခွင့်ရတယ်။ ဘုရားသီချင်းက
ယိမ်းလိုက် ပြီးတော့ ချစ်လို့ဆိုတဲ့ အခွေကို ပြင်ဆင်ပေးတယ်။ ဘုရားသခင်က
လူသားအားလုံးကို ချစ်တယ်။ လူသားအားလုံးထဲက အိုင်းရင်း ဇင်မာမြင့်ကို
ချစ်တဲ့အတွက်ကြောင့် ယနေ့ထိ အသက်ရှင်ခွင့်ရတယ်။ ဒုတိယတစ်ချက်က အိုင်းရင်းက
ပရိသတ်ကို ချစ်တာပါ။ အိုင်းရင်းမှာ အချိန်အရမ်းနည်းပါတယ်။ ပရိသတ် ပေးထားတဲ့
နေရာကြောင့်မို့ အိုင်းရင်း အရမ်းရုန်းကန်ရပါတယ်။ ရုန်းကန်ခွင့်ကိုပေးတဲ့
ပရိသတ်တွေကိုလဲ ကျေးဇူးအရမ်းတင်တယ်လို့ပြောချင်ပါတယ်။ ယိမ်းလိုက်နဲ့
ခုချစ်လို့ဆိုတဲ့ တေးစီးရီးထွက်ဖို့ကြားထဲမှာ အချိန် ၂ နှစ်ကြာပါတယ်။
ပရိသတ်ကို ချစ်တဲ့တွက် ချစ်လို့ ဆိုပြီးပေးခဲ့တာပါ။ သီချင်းကတော့ ဒီထဲမှာ
မပါပါဘူး။ တေးရေးတွေကတော့ ဆရာမြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ စံပီး၊
စောဝင်းနွယ် ၊ ကောင်းကောင်း၊ ဂျေဂျူး၊ လီယိုပိုပို၊ ဂျူနို၊
အောနစ်စနီနဲ့အမ်ကြီးတို့ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ် သီချင်းတွေပဲဖြစ်ပြီး
အပုဒ်တိုင်းကိုတော့ အိုင်းရင်း အကောင်းဆုံးကြိုးစားထားပါတယ်”လို့ သူမက
ပြောပြခဲ့ပါတယ်။
trend myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 2, 2015
ချစ်လို့ဆိုတဲ့ သီချင်း အခွေထဲမှာ မပါပေမယ့် ပရိသတ်ကို ချစ်တဲ့အတွက် ချစ်လို့ဆိုတဲ့နာမည် သပ်သပ် ပေးခဲ့တာပါလို့ဆိုတဲ့ အိုင်ရင်းဇင်မာမြင့်
ချစ်လို့ဆိုတဲ့ သီချင်း အခွေထဲမှာ မပါပေမယ့် ပရိသတ်ကို ချစ်တဲ့အတွက် ချစ်လို့ဆိုတဲ့နာမည် သပ်သပ် ပေးခဲ့တာပါလို့ဆိုတဲ့ အိုင်ရင်းဇင်မာမြင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 02, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment