Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

မိုးနှင့်အတူ လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် အမိုးပျက်စီး


ပြီးခဲ့သော ဇန်န၀ါရီ (၈)ရက်နေ့ မွန်းလွဲ (၁၂) နာရီအချိန်တွင် မိုးရွာသွန်းမှုနှင့်အတူ လေပြင်း တိုက်ခတ်သွား မှုကြောင့် လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာအုပ်စု ရှိ နမ့်ဘော်ဝမ်(ရှမ်း)နှင့် နမ့်ဘော်ဝါ(ကော်ရခါး) ရပ်ကွက်များအပြင် ဧက(၅၀၀)ဘက်တွင် အိမ် အလုံး ၁၀၀ ကျော် အမိုးများ ပျက်ဆီးမှုနှင့် အုတ်တံတိုင်းအချို့ ပြိုကျမှုများရှိခဲ့ကြောင်း သိရသည်။

“ဖြစ်တာကတော့ (၁၂း၁၅)နာရီလောက်မှာပါပေါ့။ (၁၂း၁၅)လောက်မှာ မိုးရောလေရော ရွာလိုက်တာပေါ့။ (၁၂း၃၅)လောက်မှာ ပြီးသွားတယ်။ မိနစ်(၂၀)လောက် အတောအတွင်းမှာ ဖြစ်သွားတာ။ အိမ်တွေက ကိုးရိုးကားယားတွေ ခေါင်းမိုးတွေလန်တွန့်၊ အုတ်တံတိုင်းတွေ ပြိုတဲ့အိမ်က ပြိုပေါ့နော်” ဟု နမ့်ဘော်ဝမ်(ရှမ်း)အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးက ဆိုပါသည်။

အိမ်အမိုး များမှာ ပြန်လည်ပြုပြင် အသုံးပြု၍မရတော့အောင် ပျက်ဆီးသွားကြောင်း နမ့်ဘော်ဝမ် (ရှမ်း) မှ ဦးမျိုးမင်းက ပြောသည်။

ယခုလိုအိမ်အမိုးများနှင့် အုတ်တံတိုင်းများပျက်ဆီးမှုကို အစိုးရဌါနများ၊ NGOs အဖွဲ့အစည်းများနှင့် လူမှုအသင်းအဖွဲ့များက လာရောက် စာရင်းကောက်ယူကြပြီး အကူအညီများပေးရန် စီစဉ်နေကြကြောင်း အုပ်စုအုပ်ချုပ်ရေးမှုးထံမှ သိရပါသည်။

Written by ဖြိုးဝေအောင်
Kantarawaddy Times
http://www.ktimes.org/index.php/news/1120-2015-01-09-08-46-42

No comments:

Post a Comment