CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 3, 2015
ဘာသာရေးပဋိပက္ခ ဖြစ်ပွားရခြင်းအကြောင်းရင်းကို အီရန်ဘာသာရေးခေါင်းဆောင်များအား သီတဂူဆရာတော်ကြီး ရှင်းပြခဲ့
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့ သော ဘာသောရေး၊ လူမျိုးရေး အသွင်ပဋိပက္ခများသည် အောက် ခြေအဆင့် ပြည်သူများမှာ စီးပွားရေး၊ ပညာရေး နိမ့်ကျမှုများကြောင်းဖြစ်ပြီး ဘာသာရေး ကြောင့်ဖြစ်ခြင်း မဟုတ်ကြောင်း အီရန်သမ္မတ၏ အတွင်းရေးမှူး နှင့် ဘာသာရေးခေါင်းဆောင်များ ကို ရှင်းပြနိုင်ခဲ့ကြောင်း သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရက မိန့်ကြားသည်။
အီရန်နိုင်ငံ၌ပြုလုပ်သော သုံးရက်ကြာ ဘာသာရေးဆွေးနွေး ပွဲမှ ပြန်လည်ရောက်ရှိလာသည့်သီတဂူဆရာတော်က ဇန်နဝါရီ ၃ ရက် နံနက် ၅ နာရီခန့်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်တွင် အထက်ပါအတိုင်း မိန့် ကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိ ပဋိပက္ခဖြစ်စဉ် များကို လေ့လာကြည့်ပါကလည်း စီးပွားရေး၊ ပညာရေး အဆင့်မြင့် သည့်နေရာများတွင် ဖြစ်လေ့မရှိ ကြောင်း၊ ကျေးလက် (သို့မဟုတ်) မြို့စွန်မြို့ဖျားများတွင် နေထိုင်သူ များ၏ စီးပွားရေးနိမ့်ကျမှု၊ ပညာ ရေးနိမ့်ကျမှုများကြောင့်သာဖြစ် ကြောင်း ဆရာတော်က မိန့်ကြား သည်။
‘‘ဆရာတော် ပြောဆိုပုံကို သူတို့ (အီရန်)ဘက်က နှစ်သက် အားရပါတယ်။ ဆရာတော်မိန့် ကြားသလို အောင်မြင်မှုခရီးစဉ် ပါ။ နောက်ကိုလည်း ဆရာတော် ရဲ့ ဩဝါဒတွေကို ဗုဒ္ဓဘာသာ ရော၊ မွတ်စလင်ရော လိုက်နာ မယ်ဆို ပြည်တွင်းမှာ ပဋိပက္ခတွေ ဖြစ်မလာဘူး’’ဟု ရှီးဟိုက် မွတ်စလင် သာသနာ့ပညာရှင် ခေါင်းဆောင် ဦးထွန်းဇော်ကပြောသည်။
အီရန်နိုင်ငံရှိ ဘာသာရေး ခေါင်းဆောင်များက မြန်မာနိုင်ငံ တွင် ဗုဒ္ဓဘာသာဝင်များက မွတ် စလင်လူမျိုးများအပေါ် အကြမ်း ဖက်သတ်ဖြတ်နေမှုကို စိုးရိမ်မိ ကြောင်း သီတဂူဆရာတော်နှင့် စတင်တွေ့ဆုံစဉ် မေးခွန်းထုတ်ခဲ့သည်။
‘‘စစချင်း မေးခွန်းက အဲဒါ ပဲ။ ဖြစ်တာဘာလဲ။ မင်းတို့လာ ကြည့်။ ဗုဒ္ဓကပြောပြီးသား။ အဝေးခြားသတင်းကို အတည်ပြု မှတ်ချက်ချလို့မရဘူး။ အနီးကပ် ပြီးအကြောင်းရင်းစုံစမ်းစိစစ် စစ် ဆေးဖို့လိုတယ်’’ဟု ဆရာတော် က မိန့်ခဲ့သည်။
ပဋိပက္ခများကို ဖြေရှင်းရန် မှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာ သာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူ ဘာသာအားလုံးက မိမိဘာသာ မှာ လူမျိုးများ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်၊ ပညာရေးမြှင့်တင် ရန်နှင့် ဆင်းရဲမှုပပျောက်ရန် လုပ် ဆောင်ရမည်ဖြစ်ကြောင်း ဆရာ တော်က ဆက်လက်မိန့်သည်။
ဗုဒ္ဓဟောကြားခဲ့သည်မှာ ဗုဒ္ဓ ဘာသာသည် အစ္စလာမ်နှင့်သာ မဟုတ် မည်သည့် တိုင်းပြည်၊ မည်သည့်လူမျိုး၊ မည်သည့်ဘာ သာကိုးကွယ်သူနှင့်မဆို ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ခြင်းဖြစ် ကြောင်း ဆရာတော်က မိန့်ကြား သည်။
ဘာသာဝင်အချင်းချင်း ချစ် ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် အကြမ်းဖက်မှုနှင့် အစွန်းရောက် မှုများ ရင်ဆိုင်နေရသည့်အတွက် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များအကြား ပူးပေါင်း ဆောင်ရွက်ခြင်း ဖိုရမ်ကို အီရန် နိုင်ငံ တီဟီရန်မြို့တွင် သုံးရက် ကြာကျင်းပခဲ့သည်။
မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ ဘာသာရေးခေါင်း ဆောင်များနှင့် အီရန်မှ ဘာသာ ရေးခေါင်းဆောင်၊ ဘာသာရေး အယူအဆများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အစ္စလာမ်ဘာသာရေးတက္က သိုလ်ဘက်ကလည်း မိမိတို့မှာ ပါဠိဘာသာနှင့် ဗုဒ္ဓဘာသာသင် ကြားပေးမည့်သူလိုအပ်ကြောင်း မေတ္တာရပ်ခံရာ သီတဂူဆရာ တော်က မိမိတက္ကသိုလ်မှ ပါဠိ ဆရာ စေလွှတ်ပေးနိုင်သည်ဟု ပြန်ကြားခဲ့သည်။
အီရန်ပါမောက္ခဆရာကြီး ကလည်း ပါရှားဘာသာဖြင့် ပြန် ဆိုထားသော ဗုဒ္ဓစာပေ စာအုပ် များဖြစ်သည့် ဣတိဝုတ် ကျမ်းစာနှင့် နောက်ပွင့်တော်မူမည့် အရိမေတ္တေယျ မြတ်စွာဘုရား အကြောင်း စာအုပ်တို့ကို သီတဂူ ဆရာတော်ကြီးအား လက်ဆောင် ပေးခဲ့သည်။အစ္စလာမ်တက္ကသိုလ် ပါမောက္ခ ဆရာကြီး တစ်ဦးက ဘိက္ခုဝတ်လိုကြောင်း၊ ရဟန်းဖြစ် လိုကြောင်း သီတဂူဆရာတော် ကြီးထံ လျှောက်ထားခဲ့သည်ဟု ဆရာတော်က မိန့်သည်။
http://7daydaily.com/story/28567#.VKi6Yns9THR
ဘာသာရေးပဋိပက္ခ ဖြစ်ပွားရခြင်းအကြောင်းရင်းကို အီရန်ဘာသာရေးခေါင်းဆောင်များအား သီတဂူဆရာတော်ကြီး ရှင်းပြခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 03, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment