ရီယိုဒီဂျနေးရိုး- ဘာစီလိုနာမှဘရာဇီးတိုက်စစ်မှူး နေမာသည် ၎င်း၏ ပထမဆုံးသော ဘရာဇီးဆုအဖြစ် ဥရောပရောက် အကောင်းဆုံး ဘရာဇီးဘောလုံးသမားဆု Samba Gold award ကို ၂၀၁၄အတွက် ဆွတ်ခူးနိုင်ခဲ့သည် ။
ဘရာဇီးအသင်းခေါင်းဆောင်နေမာသည် ထိုဆုကို ယမန်နှစ်ကအထိ သုံးနှစ်ဆက်တိုက်ရခဲ့သည့် ပီအက်စ်ဂျီမှ သီယာဂိုဆေးလ်ဗားနောက်တွင် ရရှိခဲ့ခြင်းဖြစ်သည်။ နေမာသည် ယခုရာသီတွင် ဘာကာအတွက် ၁၃ ပွဲကစား ၁၁ ဂိုးသွင်းထားပြီး ဂျာနယ်လစ်များ နှင့် ဘရာဇီးလက်ရွေးစင်ဟောင်း ၁၁ ဦးစီ ပါဝင်သော ဒိုင်အဖွဲ့နှစ်ခု က မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နေမာသည် မဲပေးမှုများတွင် အက်သလက်တီကိုမှ မီရန်ဒါ၊ ချယ်လ်ဆီးမှ ဝီလီယံတို့ကို ဖြတ်ကျော်ကာ ဆုရရှိခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဥရောပရောက် အကောင်းဆုံးဘောလုံးသမားဆု ရွေးချယ်မှုတွင် အွန်လိုင်းပရိသတ်များ၏ မဲတစ်သိန်းရှစ်သောင်းခန့်ကလည်း နေမာ ဆုရရှိရန် အထောက်အကူပြုခဲ့သည်။ နေမာ(၂၂)နှစ်သည် ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၅၉ ပွဲတွင် ၄၂ ဂိုးသွင်းထားပြီး ထိုနှုန်းမှာ အသက်(၂၇)နှစ်တွင်မှ ဘရာဇီးအတွက် ၇၇ ဂိုးသွင်းနိုင်ခဲ့သည့် ပီလီ(၂၂)နှစ်အရွယ်က သွင်းဂိုးများထက် ပိုများနေပြီး အံ့မခန်းပင်ဖြစ်သည်။ ဘာကာမှ အင်နီယေစတာကလည်း ၂၀၁၅ သည် နေမာ၏နှစ်ဖြစ်လာမည်ဟုဟောကိန်းထုတ်ထားသည်။ —Ref: MARCA
7DAY DAILY

No comments:
Post a Comment