Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

သမ္မတ၏ သ၀ဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည် တရားဝင်တုံ့ပြန်မည်

Wednesday, January 21, 2015
ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ နိုင်ငံ တော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပြန်ကြားသည့် သ၀ဏ်လွှာနှင့် ပတ်သက်၍ တရားဝင်တုံ့ပြန်ပြောကြားသွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
သမ္မတ၏ သ၀ဏ်လွှာသည် အကြောင်းအရာကို တိတိကျကျ ဖော်ပြသင့်သည်ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။
ယခုလ ၂၀ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးမစတင်မီ မီဒီယာ များနှင့် တွေ့ဆုံစဉ်ပြည်သူ့လွှတ် တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ရှင်းရှင်းလင်းလင်းပြော သင့်တာပေါ့။ အန်တီတို့ကတော့ ပြောရင် ရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ ဒီကိစ္စက အရေးကြီးတဲ့ အတွက် ဒီလိုအလွတ်သဘော ပြောလို့တော့ ဘယ်ကောင်းမလဲ။ တရားဝင်ပြောမယ်။ အဲဒီအခါ စောင့်နားထောင်ပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံတော်သမ္မတက ဇန်န၀ါ ရီ ၁၇ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ သော သ၀ဏ်လွှာတွင် လွှတ် တော်က တောင်းဆိုသည့် ခြောက် ပွင့်ဆိုင်ကို လက်ခံခြင်းပြု၊ မပြု တိတိကျကျပြန်ကြားထားခြင်းမရှိ ဘဲ ငြင်းဆိုသော သဘောသက် ရောက်သည့် အသုံးအနှုန်းများသုံးစွဲရေးသားထားခြင်း ဖြစ် သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးတွင် အကျပ်အတည်းမဖြစ်ပေါ်စေရန် သမ္မတ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်များအား ကိုယ်စားပြုသူတစ်ဦးတို့ ဆောလျင်စွာ တွေ့ဆုံ ဆွေးနွေးရေးကို နိုဝင်ဘာ ၂၅ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု လွှတ်တော် က တောင်းဆိုထားသော ခြောက် ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ထက် တိုင်းရင်းသားများ၊ လူထု လူတန်းစား အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများဖြင့် အား လုံးပါဝင်သော တွေ့ဆုံဆွေးနွေး ရေး ပြုလုပ်ခြင်းသည် ပိုမိုကောင်းမွန်ပြည့်စုံနိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင်ဖော်ပြ သည်။
အဆိုပါအကြောင်းပြန်ကြား သည့် သ၀ဏ်လွှာတွင် ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ် တော်တို့က အတည်ပြုထားသည့် (၁၂) ပွင့်ဆိုင်တွေ့ဆုံရေး၊ ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ သဘော ထားထုတ်ဖော်မှုများအစရှိသည် တို့ကို အလေးထားထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း သမ္မတကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment