Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်


ရန်ကုန်၊ ဇန်န၀ါရီ ၁၃
၁၃.၁.၂၀၁၅ ရက်နေ့ ၀၈၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ
နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့၊ (၁၁)ရပ်ကွက်၊ ငုရွှေဝါလမ်းသွယ်ရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွား
ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ၀၈၃၀ အချိန်တွင် အဆိုပါလမ်းနေ အိမ်ပိုင်ရှင်
(စိစစ်ဆဲ)၏နေအိမ် မီးဖိုဆောင်ရှိ မီးသွေးမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် (၁၀×၂၀)ပေ၊ သွပ်မိုး၊ ထရံကာနေအိမ်အား ကူးစက်လောင်ကျွမ်းခဲ့ခြင်း
ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်နေပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ၀၈၄၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း
သိရှိရပါသည်။
ယင်းသို့ မီးပေါ့ဆစွာအသုံးပြုသူ အိမ်ပိုင်ရှင်(စိစစ်ဆဲ)အား ရွှေပေါကံ္ကနယ်မြေ
ရဲစခန်း(ပ)၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူကာစုံစမ်းဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment