ဇန်န၀ါရီလ
၎ ရက်နေ့ မွေးနေ့ရှင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး သူရ
ဦးအောင်ကိုထံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
အမျိုးသား ဒီမိုကရေစီ အလံတံဆိပ်နဲ့ လုပ်ထားတဲ့ ကိတ်မုန့်ကို
မွေးနေ့လက်ဆောင်အဖြစ် ပို့ပေးခဲ့ပါတယ်။
ဓာတ်ပုံ- သူရ ဦးအောင်ကိုရဲ့ ဖေ့စ်ဘုတ်
သူရ ဦးအောင်ကိုက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးထားပါတယ်။
“ဒီ cake လေး ပို့ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးပါ”
အာဏာရ ပါတီခေါင်းဆောင်တဦးအတွက် အတိုက်အခံ ပါတီခေါင်းဆောင်တဦးရဲ့ မွေးနေ့
လက်ဆောင် ဟာ ပါတီ အလံ အမှတ်တံဆိပ်ပါ ကိတ်မုန့် ဖြစ်နေလေတော့ ဧရာဝတီဘလော့ဂ်
ပရိသတ်တွေ အတွက်လည်း စိတ်ဝင်စားစရာ တခုဖြစ်နိုင်ပြီး ဒီအပေါ် ကိုယ်ပိုင်
အမြင်တွေလည်း ယဉ်ကျေးစွာ ရေးသားနိုင်ပါတယ်။
သူရ ဦးအောင်ကိုဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေ
နေ့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။
သူရ ဦးအောင်ကိုဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ပြည်ထောင်စု
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ရွေးချယ်ခံခဲ့ရ ပြီး ပြည်သူ့
လွတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ
စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ တဦးလည်း ဖြစ်ပါတယ်။
အိမ့်သံစဉ် ~
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 6, 2015
သူရ ဦးအောင်ကိုအတွက် ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ မွေးနေ့ လက်ဆောင်
သူရ ဦးအောင်ကိုအတွက် ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ မွေးနေ့ လက်ဆောင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 06, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 06, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment