Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

ပုသိမ်မြို့ အောင်ရတနာဆန်စက်ကြီး မီးလောင်


ပုသိမ် ဇန်နဝါရီ ၈

ပုသိမ်မြို့ အမှတ်(၇)ရပ်ကွက် ငဝန်မြစ်ကမ်းဘေး မာတလမ်း ဦးသက်ဝေဝင်း (၂၇နှစ်)၏ အောင်ရတနာဆန်စက်တွင် ဇန်နဝါရီ ၇ ရက် နံနက် ၅နာရီခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း တာဝန်သိပြည်သူ တစ်ဦး၏သတင်းပေးချက်အရ ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တိုင်းဦးစီးမှူး ရဲဗလမျိုးဝင်း ဦးဆောင်သော အမှတ်(၁) နယ်မြေ မီးသတ်စခန်းနှင့် အမှတ်(၂)နယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်ခုနစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ ကွပ်ကဲရေး တစ်စီး၊ ကန်ကြီးထောင့်မြို့နယ်မှ မီးသတ်ယာဉ်တစ်စီး၊ ကျောင်းကုန်း မြို့နယ်မှ မီးသတ်ယာဉ်တစ်စီး၊ ငပုတောမြို့နယ်မှ မီးသတ်ယာဉ် တစ်စီးနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် မီးသတ်တပ်ဖွဲ့နှင့် ပုသိမ် လေတပ်စခန်းဌာနချုပ် မီးသတ် တပ်ဖွဲ့ဝင်များအပါအဝင်၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၇၅ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၈ဝ တို့သည် အချိန် နှင့်တစ်ပြေးညီ စုပေါင်းငြှိမ်းသတ်မှု ကြောင့် နံနက် ၇နာရီတွင် မီးငြိမ်းသွား ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ပေ (၈ဝx၄ဝ) ရှိသွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းဆန်စက်အခန်း၌ရှိသော ဆန်စက်ဟာလာငါးလုံးနှင့်စပါး တင်း ၁ဝဝ ကျော် ဆုံးရှုံးသွားခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ ဆန်စက်နောက်ဘက်၌ထား ရှိသော စပါးခွံပုံမှ အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားသည်ဟု သိရ သည်။ မီးလောင်မှုနှင့်ပတ်သက်၍ ညစောင့်အားအသည်ကြီး ရဲစခန်းကအရေးယူထားကြောင်း သိရသည်။

လှကြည်(ပုသိမ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment