CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 12, 2015
လူအများစု လွဲမှားစွာ လက်ခံထားကြတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အချက် (၅) ချက်
ကဲ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး လွဲမှားစွာ လက်ခံနားလည်ထားကြတဲ့ အရာတွေကို ဖျောက်ပျက်ပစ်ဖို့ အချိန်ရောက်ပါပြီ။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အကောင်း၊ အဆိုး အားလုံးကို သိထားမှသာ အိမ်ထောင်ရေးအကြောင်း စဉ်းစားတဲ့အခါ ဘာတွေကဘယ်လိုဆိုတာ သိရှိမှာဖြစ်ပြီး ကြိုတင်ပြင်ဆင်ထားလို့ ရမှာပါ။ ဒီတော့ ခုပြောပေးမယ့် အချက်တွေဟာ လူတွေမှားယွင်းစွာ မှတ်ယူလက်ခံထားတဲ့ အချက်တွေကို ပြောပြပေးပါရစေ။
၁။ အိမ်ထောင်ပြုလုပ်ရင် အားလုံးကို ကိုယ်ကြိုက်သလို ပြုပြင်ပြောင်းလဲပစ်နိုင်ပြီ။
အိမ်ထောင်ပြုလိုက်ရင် ဘ၀ကြီးက ပိုနေလို့ကောင်းသွားပြီ။ ပိုအဆင်ပြေသွားပြီ ဆိုပြီး တွေးထားရင် ဒါမှားတယ်လို့ ဆိုပါရစေ။ တကယ်လို့ သင်တို့နှစ်ဦးမှာ အလုပ်ကလည်း မရှိဘူး၊ ဒါမှမဟုတ် တစ်ယောက်က ကျန်းမာရေးချို့တဲ့နေမယ်။ ဒါမှမဟုတ် အကျင့်ဆိုးလေးတွေ ပိုင်ဆိုင်ထားမယ်ဆိုရင် ဘယ်လောက်ချစ်ချစ်၊ အိမ်ထောင်ပြုလိုက်ရင် ပိုအဆင်ပြေသွားမယ်ဆိုတာ မရှိပါဘူး။ ဒီလို ချွင်းချက်လေးတွေက ထည့်စဉ်းစားရမယ့်အချက်ပါ။
၂။အိမ်ထောင်ပြုလိုက်ရင် အထီးကျန်မဆန်တော့ဘူး။
တစ်ကိုယ်တည်းနေလို့ အထီးကျန်ဆန်တယ်၊ ဒီတော့ အိမ်ထောင်ပြုလိုက်ရင် အထီးကျန်မဆန်တော့ဘူးဆိုတဲ့ အတွေးဟာ တကယ်တော့ ဘောင်မ၀င်ပါဘူး။ အသုံးမ၀င်ပါဘူး။ အိမ်ထောင်ပြုလိုက်ပြီးမှ အထီးကျန်တဲ့ ခံစားချက်မျိုး ခံစားရတာ တကယ်တော့ ပိုဆိုးလှပါတယ်။ တစ်ကိုယ်တည်းသမားက ဘယ်တော့မဆို တစ်ယောက်ယောက်ကို ရှာဖွေနိုင်တဲ့ အခွင့်အရေးရှိပါသေးတယ်။ အိမ်ထောင်ပြုပြီး ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်အပေါ်မကောင်းလို့၊ အချိန်မပေးနိုင်လို့ အထီးကျန်ဆန်တဲ့ ဝေဒနာခံစားရပြီဆိုရင်တော့ အဲ့ဒီခံစားချက်ဟာ အဆိုးဝါးဆုံး ခံစားချက်တွေထဲက တစ်ခုပါ။
၃။အိမ်ထောင်ပြုလိုက်ရင် သင်ပျော်ရွှင်ရပြီ။
လူပျို၊ အပျိုဘ၀မှာ သင်ဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ မဟုတ်ဘူးဆိုရင် အိမ်ထောင်သည်ဖြစ်လာရင်လည်း ထူးခြားပြီး ပျော်ရွှင်သွားတတ်တဲ့သူ မဟုတ်ပါဘူး။ အိမ်ထောင်ပြုလိုက်ရုံနဲ့ လူတစ်ယောက်က ပိုပျော်ရွှင်သွားတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်အိမ်ထောင်ဖက်ကြောင့် သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရမယ်ဆိုရင်တော့ ကျေနပ်တာမျို ရှိပါတယ်။ ဒါကို ကိုယ်ကအရင်က ပျော်ပျော်မနေတတ်သူမို့ အိမ်ထောင်ကောက်ပြုလိုက်လို့ ပျော်ရမယ်ဆိုတဲ့ အတွေးဟာ မှားယွင်းလွန်းပါတယ်။
၎။အိမ်ထောင်ပြုလိုက်ရင် အားလုံးအဆုံးသတ်သွားပြီ။
မင်္ဂလာမဆောင်ခင်က ပျော်ရွှင်ကြည်နူးခဲ့ရတာတွေ၊ ရည်းစားဘ၀က ရင်ခုန်စရာတွေဟာ အိမ်ထောင်ပြုလိုက်တာနဲ့ ပြီးဆုံးသွားပြီဆိုတဲ့ အတွေးမျိုးတွေဟာ မှားယွင်းပါတယ်။ တကယ်တော့ အိမ်ထောင်ပြုလိုက်တဲ့အခါမှသာ နောက်ထပ် အတွေ့အကြုံသစ်တွေ၊ စိတ်လှုပ်ရှားစရာတွေ၊ ရင်ခုန်စရာတွေကို စတင်တွေ့ရှိခံစားနိုင်တာပါ။ ကိုယ့်အိမ်ထာင်ဖက်ပေါ် ကိုယ်ဘယ်လိုဆက်ဆံမလဲ၊ ချစ်ခြင်းမေတ္တာဆိုတာကို ဘယ်လိုပြသမလဲဆိုတာ ကိုယ့်အပေါ်မှာသာ မူတည်ပါ တယ်။
၅။ငါ အပျော်အပါးတွေချည်း လုပ်ခဲ့ပြီမို့ ခုချိန်က အခြေကျအောင် ကြိုးစားရတော့မယ့်အပိုင်းရောက်လာပြီ။
ဒီအချက်ကလည်း ဟာသပါပဲ။ အိမ်ထောင်ကျသွားလို့ အတည်အခန့်ပုံစံပြောင်းလဲ နေထိုင်ရမယ်တော့ မဟုတ်ပါဘူး။ အရင်ထက် ပိုတာဝန်သိလာတာ ကောင်းပါတယ်။ ဒါပေမယ့် အရင်လို ပျော်ပျော်ရွှင်ရွှင်နေရမှာပါ။ ပြောင်းလဲပစ်စရာ မလိုပါဘူး။ အသက်ကြီးလာလေလေ ပိုပျော်ပျော်နေနိုင်အောင် ကြိုးစားရလေလေပါပဲ။
Ref:yourtango.com
http://www.trend.com.mm/2015/01/12/relationships-5457
လူအများစု လွဲမှားစွာ လက်ခံထားကြတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အချက် (၅) ချက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment