လက်ရှိ မကြာသေးခင်ကမှ ပြီးဆုံးသွားတဲ့ အကယ်ဒမီ ဂယက်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာကြည်ဖြူသျှင်က သူမရဲ့ အမြင်ကို မျှဝေပေးသွားတာက “ဒီနှစ်အကယ်ဒမီပေးပွဲကို ပြောရမယ်ဆိုရင် ထူးခြားတယ်။ ရုပ်ရှင်လောကသားတွေကပဲ ပွဲကိုအစအဆုံး စီစဉ်တယ်။ ရုပ်ရှင်အစည်းအရုံးက လုပ်တဲ့ပွဲဖြစ်တယ်။ အကယ်ဒမီ အမှတ်ပေးတာတွေက အစဆိုတော့ ထူးခြားမှုဘာရှိသွားလဲဆိုတော့ အခမ်းအနားအပြင်အဆင် performance တင်ပြပုံတွေ အရမ်းထူးခြားတယ်။ လွတ်လပ်တဲ့ အနုပညာတွေနဲ့တင်ဆက်ထားတာတွေ့ရတယ်။ အကျွေးအမွေးစီစဉ်ထားတဲ့တွက်လဲ ကောင်းတယ်။ အကယ်ဒမီအမှတ်ပေးစည်းမျဉ်းတွေကလဲ အရင်တုန်းကဆို ပေါ်လစီကားမှ အကယ်ဒမီမှန်းလို့ရတယ်။ ဒါပေမဲ့ ခုအချစ်ကားနဲ့ ပေးသွားတယ်ဆိုတော့ ကိုဝိုင်းရသွားတယ်။ အဲ့ဒီတွက်လဲ ကျေနပ်မိတယ်။ သိပ်သဘောမကျတာ တစ်ခုက ဇာတ်ညွှန်းရယ်၊ တည်းဖြတ်ရယ်၊ ကင်မရာရယ်မပေးတာကတော့ စိတ်ထဲမှာ သိပ်သဘောမကျဘူး။ ဇာတ်ညွှန်းကတော့ ထားလိုက်တော့။ ကင်မရာနဲ့ Edit က ထူးထူးခြားခြား ကောင်းတယ်။ ဒီနှစ်တင်တဲ့ ကားတွေမှာဆို ကင်မရာ အကောင်းစားတွေနဲ့ရိုက်ထားတာ။ အကောင်းဆုံး တစ်ကားကို ရွေးချယ်ပေးသင့်တယ်။ ကင်မရာနဲ့ edit ပိုင်းက ရသင့်ရဲ့သားနဲ့မရဘူးလို့မ ကတော့ ခံစားရတယ်။ နောက်နှစ်တော့ သူတို့ဒီလိုမျိုး မဖြစ်အောင် လုပ်ပေးမယ်လိုတော့ ပြန်ရှင်းထားပါတယ်"လို့ သူမက ပြောပါတယ်။
ဒါ့အပြင် မင်းသားဆုနဲ့ပတ်သတ်ပြီးတော့လည်း သူမက "ပြောမယ်ဆိုရင် ဒီနှစ်က နေတိုးကားတွေလဲများတယ်။ ပြီးတော့ကားတိုင်းလဲထူးထူးခြားခြားကောင်းတယ်။ ပြေတီဦးဆုရတဲ့ကားကို ပြတော့လဲ တကယ်ထူးထူးခြားခြားကောင်းတာပဲ။ အစ်မဖြစ်စေချင်တာကတော့ မင်းသားနှစ်လက်လုံး ထူးထူးခြားခြား ကောင်းပြီဆို နှစ်ယောက်စလုံးကို ပေးသင့်တယ်လို့ထင်တယ်။ အရင်တုန်းကလဲ မင်းသမီးနှစ်ယောက်စလုံးကို ပေးဖူးတဲ့နှစ်ရှိခဲ့တာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီတုန်းကပေးခဲ့တဲ့ အကယ်ဒမီက ဒီမင်းသား နှစ်လက်လောက်တောင် အိုက်တင်တွေက ပြောင်မြောက်နေတာ မဟုတ်ဘူး။ အခုကတကယ်ကို ထူးထူးခြားခြားကို ကောင်းတာ။ ပြီးတော့ပြေတီဦးကတော့ ကာရိုက်တာအရ ၂ မျိုးတော့ ချိန်းတယ်။ ဒါပေမဲ့ နေတိုးကားတွေကျတော့ တကယ်ကောင်းခဲ့တယ်။ ထူးထူးခြားခြားကောင်းရင် နှစ်ယောက်စလုံးကိုပေးရမယ်။ ဒါမှလဲကြိုးစားမှုတွေရှိမှာ မဟုတ်ရင် အမှတ်နည်းနည်းနဲ့ကပ်ပြုတ်တဲ့သူက အရမ်းခံစားရတယ်။ အစ်မတို့အနုပညာမှာလဲ ကောင်းရင် ကောင်းသလို နှစ်ဆုပြူးပေးရလည်း ပေးသင့်တယ်လို့မြင်မိပါတယ်”တဲ့။
http://www.trend.com.mm/2015/01/01/yollywood-5387
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 2, 2015
မင်းသားနှစ်ယောက်စလုံးကောင်းရင် နှစ်ယောက်စလုံးကို အကယ်ဒမီပေးသင့်တယ်လို့ ဆိုတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်
မင်းသားနှစ်ယောက်စလုံးကောင်းရင် နှစ်ယောက်စလုံးကို အကယ်ဒမီပေးသင့်တယ်လို့ ဆိုတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 02, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment