Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

ပြည်ခိုင်ဖြိုးပါတီ နှစ်ရက်ကြာ ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံး


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ၂ ရက်ကြာကျင်းပခဲ့ပြီး ဒီနေ့ညနေမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးကနေ ပြည်ခိုင်ဖြိုးပါတီရဲ့ ရှေ့လုပ်ငန်းစဉ် ၆ ခုကို ချမှတ်နိုင်ခဲ့ကြောင်း ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောပါတယ်။

"ဒီလုပ်ငန်းစဉ် ၆ ရပ်ကတော့ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးအတွက် ပါတီဝင်အားလုံးက အစွမ်းကုန်ကြိုးပမ်းအားထုတ်ရေး၊ ပါတီရဲ့မူဝါဒလုပ်ငန်းစဉ်များမှာ ဦးဆောင်မှုကို ပါတီဝင်များက အလေးအနက်လေးစားလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနဲ့ ပါတီဦးဆောင်မှု အစဉ်ရှင်သန်ရေး၊ တောင်သူလယ်သမား အလုပ်သမား လူငယ်ဖိုရမ်တွေနဲ့ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲတွေက ရှေ့လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက လက်တွေ့အကောင်အထည်ဖော်ရေး၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ပါတီဝင်ထုတစ်ရပ်လုံးက ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတော်နှင့် နိုင်ငံသားတိုင်းရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေ့ရှုပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်နိုင်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုတ်မြှင့်တင် အကောင်အထည်ဖော်ရေးဆိုပြီးတော့မှ လုပ်ငန်းစဉ်တစ်ရပ် ကျနော်တို့ထည့်ပါတယ်"

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးကိုသာ အဓိကလိုလားကြောင်း ဦးဌေးဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီနှစ်ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးကို USDP ပါတီကိုယ်စားလှယ် ၂၆၅ ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးနဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

No comments:

Post a Comment