ရန်ကုန်−မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်း
သောကျူးကျော်နေအိမ် များ ဖယ်ရှားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂ ရက်က ပထမ ဆုံးအကြိမ် အကြောင်းကြားစာ ပေးပို့ထားပြီး သက်ဆိုင်ရာနယ် မြေအလိုက်
ဆောင်ရွက်နေခြင်း ဖြစ်ကာ ဖယ်ရှားမည့် အချိန်ကာ လကို အတိအကျပြောကြားသွား ခြင်း မရှိဘဲ အမြန်ဆုံး
ဆောင်ရွက် မည်ဟုသာ ပြည်သူ့ဆောက်လုပ်ရေးလုပ် ငန်း ရန်ကုန်-မန္တလေး
အမြန်လမ်း(ပြင်/ထိန်း) အဖွဲ့မှ လက် ထောက်အင်ဂျင်နီယာတစ် ဦးက
ပြောသည်။‘‘လမ်းနယ်နိမိတ် ပေ ၄၀၀ အတွင်းနဲ့ မလွတ် ကင်းရင် ကျူး ကျော်လို့
သတ်မှတ်တယ်။ နေရာတွေတိုင်းတယ်။ အကြောင်းကြား စာတွေ ပို့တယ်။
ေ အောက်ခြေအထိ ညှိနှိုင်းပြီးလုပ်တာပါ’’ဟု ယင်းဌာနမှ လက်ထောက်အင်ဂျင် နီယာတစ်ဦးက ပြောသည်။
ယခင်က အမြန်လမ်း လမ်း နယ်နိမိတ်ကို ၃၆၀ မိုင်တိုင်အထိ သတ်မှတ်ပြီး
တစ်ဧကလျှင် ကျပ် သုံးသိန်း ခွဲဖြင့် လျော်ကြေးရရှိခဲ့ ပြီးဖြစ်ကြောင်း
အကြောင်းကြား စာ ပေးပို့ခံရသည့် မိုင်တိုင် ၁၉၂ ရှိ ရဘိန်းကျေး ရွာနေ
ရွာသားတစ် ဦးက ပြောသည်။
‘‘ကျွန်တော်တို့ပိုင်တဲ့ မြေ နေရာတွေပါ။
ယခုဖယ်ခိုင်းတဲ့ နေရာအတွက် နစ်နာကြေးမနက် ပေးရင် ညနေ ဖယ်ပေးမယ်။
မပေးရင်တော့ ဥပဒေအရပဲ ရင်ဆိုင် မယ်။ မဖယ်ပေးနိုင်ဘူး’’ဟု အကြောင်းကြားစာ
ပေးပို့ ခံရသည့် ရွာသားကိုနေလင်းစိုးက ပြောသည်။ရန်ကုန်-မန္တလေး အမြန်
လမ်းမကြီးတစ်လျှောက် ကျူး ကျော် အိမ်များ ဖယ်ရှားပေးရန် သုံးကြိမ်တိတိ
အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ပြီး လိုက် နာဆောင်ရွက်ခြင်း မရှိပါက တည်
ဆဲလမ်းမကြီးများ ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အထက်ပါ လက်ထောက် အင်
ဂျင်နီယာက ပြောသည်။
‘‘အရင်က လမ်းနယ်နိမိတ် ၃၆၀ တယ်ဆိုတာ မှန်ပါတယ်။
အခုပေ ၄၀၀ အတွက် ကျန်တဲ့ နေရာတွေကို ဖယ်ခိုင်းတာလည်း လျော်ကြေးပေးမှာပါ။
ပေးဖို့ လည်း ဘတ်ဂျက်က ချပြီးသား အဆင့်သင့်ရှိပြီးသားပါ။ အရင်
ပေးပြီးသားတွေနဲ့ အခုလျော်ကြေး ပေးဖို့အတွက်ကတော့ အသေး စိတ်မသိသေးပါဘူး’’
ဟု ၎င်း က ပြောသည်။
ရန်ကုန်-မန္တလေး အမြန် လမ်းတွင် မည်သူမဆို ပြည်သူ
ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့် ပြုချက်မရှိဘဲ လမ်းမကြီး၏ နယ် နိမိတ်အတွင်း
အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ကန်တူးဖော် ခြင်းစသည့် ကိစ္စရပ် တစ်ခုခုကို
ကျူးလွန်ကြောင်း ပြစ်မှုစီရင် ခြင်းခံရလျှင် ထိုသူကို ထောင် ဒဏ်
သုံးနှစ်တိတိဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ
ငွေဒဏ်ဖြစ် စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် ကြောင်း ပြည် သူဆောက်လုပ်ရေး
လုပ်ငန်းအကြောင်းကြားစာတွင် ပါရှိသည်။
ရဲနိုင် | 7day
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 3, 2015
အမြန်လမ်းတစ်လျှောက် လမ်းနယ်နိမိတ်မလွတ်ကင်းသည့်အိမ်များ ဖယ်ရှားမည်
အမြန်လမ်းတစ်လျှောက် လမ်းနယ်နိမိတ်မလွတ်ကင်းသည့်အိမ်များ ဖယ်ရှားမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 03, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment