သရုပ်ဆောင် မင်းအုပ်စိုး၏ ဆေးစစ်ချက်အဖြေထွက်ပေါ်လာသော်လည်း ယင်းအဖြေကို ဆရာဝန်က တရားရုံး၌သာ ထွက်ဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မင်းအုပ်စိုးကို ဇန်န၀ါရီ ၈ရက်က လူသတ်မှုဖြင့် ဖမ်းဆီးခဲ့ပြီး
ဗဟန်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ရမန်ယူရုံးထုတ်ခဲ့သော်လည်း
ရဲစစ်ချက်မပြည့်စုံသေးသဖြင့် ဇန်န၀ါရီ ၂၂ ရက်သို့ ထပ်မံချိန်းဆိုထားသည်။
ထိုနေ့တွင် ရဲစစ်ချက်ပြည့်စုံ၍ စွဲချက်တင်တရားစွဲဆိုခဲ့ပါက
အမှုကြီးတစ်ခုဖြစ်၍အနောက်ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းကာ
တရားစွဲဆိုမည်ဟု ဗဟန်းမြို့နယ်တရားသူကြီးက ပြောသည်။
‘‘ဆေးစစ်ချက်အဖြေကတော့ ထွက်နေပါပြီ။ အဲဒီအဖြေကို စစ်ဆေးတဲ့ဆရာဝန်ကပဲ
တရားရုံးမှာထွက်ဆိုသွားမှာပါ။ တရားရုံးမှာ လာရောက်နားထောင်လို့ရပါတယ်။
မင်းအုပ်စိုးကိုတော့ စစ်ဆေးချက်တွေလိုသေးလို့ တရားမစွဲရသေးပါဘူး’’ဟု
ဒုရဲမှူးသိန်းဝင်းကပြောသည်။ မတေးနုယဉ်သေဆုံးသည့် ဒဏ်ရာများနှင့် ပတ်သက်၍
မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အဖြေများအရ
ထိုးကြိတ်ရုံဖြင့်ရရှိနိုင်သည့်ဒဏ်ရာများ မဟုတ်ခြင်းကြောင့်အမှုကို
အမှန်အတိုင်းဖြစ်စေလိုကြောင်း သေဆုံးသူ၏ မိသားစုဝင်များက တောင်းဆိုထားသည်။
မင်းအုပ်စိုးသည် စိတ်ရောဂါဝေဒနာခံစားနေရ၍
ရွာသာကြီးဆေးရုံတွင်ဆေးစစ်နေသည်ဟု ကောလာဟလများထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍
ဗဟန်းမြို့ နယ်ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးသိန်းဝင်းက ‘‘ဆေးစစ်တယ်ဆိုတာတော့
မဟုတ်ပါဘူး။ သူ့မှာ ဒီလို ဝေဒနာခံစားနေရရင် ကျွန်တော်တို့က
စစ်လို့မရပါဘူး။ သူ့မိသားစုကစစ်ရမှာပါ။ ဆေးစစ်ချက်အဖြေကို
ကျွန်တော်တို့ကိုပေးရမှာပါ။ ကျွန်တော်တို့က လုပ်လို့မရပါဘူး’’ဟုပြောသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 8, 2015
မင်းအုပ်စိုးဆေးစစ်ချက်အဖြေထွက်သော်လည်း ဆရာဝန်က တရားရုံး၌သာထွက်ဆိုမည်
မင်းအုပ်စိုးဆေးစစ်ချက်အဖြေထွက်သော်လည်း ဆရာဝန်က တရားရုံး၌သာထွက်ဆိုမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 08, 2015
Rating: 5
![](http://3.bp.blogspot.com/-clME1ILRpbs/VK8lPeMXuWI/AAAAAAAAfb0/fNgwg_-elcI/s72-c/%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%81%81%E1%81%84.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment