CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 5, 2015
အိန္ဒိယတွင် ဂျပန်ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူများကို ဖမ်းဆီး
Written by ဘီဘီစီ
ကိုလ်ကတ္တား။ ။အိန္ဒိယနိုင်ငံတွင် ဂျပန်ကျောင်းသူတစ်ဦးကို ပြန်ပေးဆွဲဖမ်းဆီးကာ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သည့် လူငါးဦးကို ဖမ်းဆီးစစ်ဆေးလျက် ရှိနေသည်။
ဂျပန်ကျောင်းသူကို သားမယားပြုကျင့်ခဲ့သည့် တရားခံများကို တရားရုံးသို့ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ယင်းသို့ အုပ်စုလိုက် သားမယားပြု ကျင့်မှုမှာ နိုဝင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတွင်း၌ တစ်လကျော် အတွင်း ယင်းသို့ အမျိုးသမီး များအပေါ်နိုင် ထက်စီး နင်းပြုခြင်းများ တိုးမြင့်ဖြစ်ပွားနေသည်ဟု ကိုလ်ကတ္တားမြို့ရှိ ရဲဌာနက ပြောသည်။
အုပ်စုဖွဲ့မုဒိမ်းကျင့်သူများက ကမ္ဘာလှည့် ခရီးသွား များအနက် တစ်ကိုယ်တည်းသွားလာနေသော အမျိုးသမီးများအပေါ် ပစ်မှတ်ထား ကာကျုးလွန် ကြကြောင်း ယင်းရဲဌာန ကပြောသည်။ အိန္ဒိယတွင် မုဒိမ်းမှုများ တိုးပွားလာနေခြင်းကြောင့် နိုင်ငံတွင်း ယင်းကိစ္စကို စိတ်ဆိုး ဒေါသထွက်နေ ကြသည်။
ညီအစ်ကိုနှစ်ဦးဟု သိထားသည့် ဟိန်္ဒူနှစ်ဦးက အသက် ၂၃ နှစ်ရှိ ဂျပန်အမျိုးသမီး ကိုလ်ကတ္တားမြို့သို့ ရောက်လာကာ ဟိုတယ်ငှား ရမ်းစဉ်တွင် ဧည့်လမ်းညွန် အဖြစ် အယောင်ဆောင်ချဉ်းကပ်ခဲ့ကြောင်း ကိုလ် ကတ္တားရဲမင်းကြီး ကန်တီဂို့ရှ်က ပြောသည်။
“တစ်ယောက်က ဂျပန်စကားကို မွှတ်နေအောင် ပြောတတ်တယ်။ ကျွန်တော်တို့က ဧည့်လမ်းညွှန်တွေ ဖြစ်တယ်။ ဂျပန် အမျိုးသမီးကို မြို့မြင်ကွင်း များပြသ မယ်ဆိုပြီး ခေါ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။ ပြီးတော့ သူ့ကိုခေါ်သွားပြီး အနိုင်အထက်သား မယားပြုကျင့်ကြတာ ဖြစ်တယ်။ သူနဲ့အတူ ပါလာတဲ့ ရူးပီး ၇၆,၀၀၀ ရှိတဲ့ အေတီအမ် ကတ်ကိုလည်း ယူသွားခဲ့ကြတာ ဖြစ်တယ်”ဟု ရဲမင်းကြီးက ပြောသည်။
“ညီအစ် ကိုနှစ်ယောက် အမျိုးသမီးကို ထင်တိုင်းပြု ကျင့်ပြီးနောက်မှာ အခြား သူတွေ လက်ပေး အပ်ပြီး သား မယားပြုကျင့်စေတာ ဖြစ်တယ်” ဟု ၎င်းကဆက် လက်ပြောကြားသည်။
အိန္ဒိယတွင် ဂျပန်ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူများကို ဖမ်းဆီး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment