Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက ယူရေနီယံ သတ္တုသိုက်ကို တွေ့ရှိ စမ်းသပ်ရာမှ ဓါတ်ရောင်ခြည် သင့်နေကြောင်း ပြောကြား


ထူးကုမ္ပဏီများ အုပ်စုပိုင်ရှင် ဦးတေဇက ယူရေနီယံ သတ္တုသိုက်ကို တွေ့ရှိ ထားကြောင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံတော် အတွက် အကျိုးအမြတ် ရရှိနိုင်မည် ဖြစ်ကြောင်း ယနေ့ ညနေပိုင်းတွင် ၄င်း၏ အင်းယားလမ်း နေအိမ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။



ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် နိုဝင်ဘာလပိုင်း ကကျင်းပခဲ့သော ရွှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသရှိ ပင်းပက်တောင် ဝန်းကျင်ဒေသတွင် စစ်အစိုးရက ယူရေနီယံရှာဖွေ တူးဖော်ကြောင်း၊ ယူရေနီယံ သန့်စင်စက်ရုံ တည်ဆောက်နေမှု ကြောင့် အနီးပတ်ဝန်းကျင်မှ ရွာသားများ အရေပြားရောဂါ ခံစားနေရပုံအကြောင်းကို ဂျပန်အစိုးရဝန်ကြီးများ၊ ဂျပန်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဂျပန်သတင်းမီဒီယာများအား ဓာတ်ပုံ ဆလိုက်ရှိုးများဖြင့် တင်ပြခဲ့ဖူးသေးသည်။

NW
https://www.facebook.com/NewsWatchJournal
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ထူးကုမ္ပဏီများ အုပ်စုပိုင်ရှင် ဦးတေဇက ယူရေနီယံ သတ္တုသိုက်ကို တွေ့ရှိ ထားကြောင်း၊ ပြည်ပရင်းနှီး မှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံတော် အတွက် အကျိုးအမြတ် ရရှိနိုင်မည် ဖြစ်ကြောင်း ယနေ့ ညနေပိုင်းတွင် ၄င်း၏ အင်းယားလမ်း နေအိမ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

အဆိုပါ သတ္တုသိုက်သည် မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် အတွင်းတွင်ရှိနေပြီး ဒေသခံ အမျိုးသား နှစ်ဦးကလွန်ခဲ့သော ၁ဝ ရက်ကျော်ကတွေ့ရှိရာမှ ဦးတေဇထံ ဆက်သွယ်အပ်နှံကြောင်း၊ဦးတေဇက ယင်းသတ္တုများကို ထူးဆန်းသော သတ္တုအဖြစ်လက်ခံပြီး စမ်းသပ်ဓါတ်ခွဲရာမှ ယူနေနီယံဟု သိရကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်က မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာဝန်ကြီးဌါနသို့ အပ်နှံပြီးဖြစ်ကြောင်း၊ နောက်ထပ်လည်း ရှာဖွေတူးဖေါ်ကာ အစိုးရကို အပ်နှံရန်ရှိကြောင်း သိရသည်။

ယခုအခါ ဦးတေဇသည် ယူရေနီယံသတ္တုကြောင့် ဓါတ်ရောင်ခြည်သင့်နေကြောင်း၊ထို့ကြောင့် ကျန်းမာရေးအခြေအနေမကောင်းကြောင်း၊အဆိုပါသတ္တုကြောင့် ဦးတေဇ၏ ဝန်ထမ်းအချို့နှင့် သတ္တုတွေ့ရှိသူတို့လည်း ဓါတ်ရောင်ခြည်သင့်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၄င်းကပြောသည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် နိုဝင်ဘာလပိုင်း ကကျင်းပခဲ့သော ရှေဂုံတိုင်ကြေငြာစာတမ်း နှီးနှောဖလှယ်ပွဲ ကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမြို့နယ် ရွေးကောက်ခံ လှတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းမှ ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသရှိ ပင်းပက်တောင် ဝန်းကျင်ဒေသတွင် စစ်အစိုးရက ယူရေနီယံရှာဖွေ တူးဖော်ကြောင်း၊ ယူရေနီယံ သန့်စင်စက်ရုံ တည်ဆောက်နေမှု ကြောင့် အနီးပတ်ဝန်းကျင်မှ ရွာသားများ အရေပြားရောဂါ ခံစားနေရပုံအကြောင်းကို ဂျပန်အစိုးရဝန်ကြီးများ၊ ဂျပန်လှတ်တော်ကိုယ်စားလှယ်များနှင့် ဂျပန်သတင်းမီဒီယာများအား ဓာတ်ပုံ ဆလိုက်ရှိုးများဖြင့် တင်ပြခဲ့ဖူးသေးသည်။

NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment