Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 11, 2015

မူဆယ်၌ တရားမ၀င်သစ်များနှင့် သားရိုင်းတိရစ္ဆာန်ပစ္စည်းများ သိမ်းဆည်းရမိ


မူဆယ် ဇန်နဝါရီ ၁၁

မူဆယ်မြို့ စွမ်စော်ရပ်ကွက် (၆-၇)လမ်းကြား လမ်းသွယ်(၅)နေ ဦးဟုန်ကြိုင်မုန်၏ နေအိမ်ခြံဝင်း ဂိုဒေါင်အတွင်းမှ တရားမဝင်သစ် များနှင့် သစ်တောထွက်သားရိုင်းတိရစ္ဆာန်ပစ္စည်းများ ရှာ ဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း မူဆယ်မြို့ မြို့မရဲစခန်း တာဝန်ရှိသူထံမှ သိရ သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် နံနက် ၁ဝ နာရီခန့်က မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၊ မြို့မ ရဲစခန်းမှူး(မူဆယ်)စခန်းမှူး မြစိန် ဦးစီးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သိန်းထွန်းမြင့် ဦးစီးအဖွဲ့၊ ပြည်နယ် လုံခြုံရေးတပ်ခွဲမှ ရဲအုပ် သန်းဇော်ဝင်းဦးစီးအဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနော်ထွယ် ဦးစီးအဖွဲ့၊ မြို့နယ် သစ်တောဦးစီးမှူး ဦးဟန်မင်းနောင် ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ ရဲအုပ်စိုးအောင် ဦးစီး အဖွဲ့သည် ဦးဟုန်ကြိုင်မုန် (၅၃ နှစ်)အရောင်းအဝယ် လုပ်ကိုင်နေသူ၏ နေအိမ်ခြံဝင်းအတွင်းသို့ သတင်း အရ ဝင်ရောက်ရှာဖွေခဲ့ကြသည်။

၎င်းနေအိမ်ခြံဝင်းအတွင်းရှိ ဂို ဒေါင်အတွင်းမှ တမလန်းသစ်ဆိုက်စုံ ရှစ်တုံး၊ ၁ ဒသမ ၂၆၅၄ တန်ခန့် ပိတောက်သစ်ခွဲခြမ်း လေးခြမ်း ဝ ဒသမ ၅၁၂၆ တန်ခန့်၊ ဆင်စွယ် ဆိုက်စုံ ငါးချောင်း၊ ၂၇ ဒသမ ၅ ကီ လိုဂရမ်ခန့် ကြံ့ချိုဟုယူဆရသော ဦးချိုတစ်ချောင်းနှင့် အပိုင်းအစ ငါးခု ဝ ဒသမ ၃ ကီလိုဂရမ်ခန့်၊ ကျား သားရေဟုယူဆရသော ၅ပေx ၃ ဒသမ ၅လက်မခန့် တစ်ချပ်၊ ကျားသစ် သားရေဟုယူဆရသော ၇ ပေx ၂ပေ ခန့် နှစ်ချပ်၊ ၅ ဒသမ ၅ပေx ၁ ဒသမ ၈ ပေ ခန့် တစ်ချပ် စုစုပေါင်း လေးချပ်၊ သင်းခွေချပ်အကြေးခွံဟု ယူဆရသော အကြေးခွံ ၈ဒသမ ၅ ကီလိုဂရမ်ခန့်၊ တိရစ္ဆာန်သည်းခြေ အခြောက်မျိုးစုံဟု ယူဆရသော ပစ္စည်း သုံးကီလိုဂရမ်ခန့်၊ ဆိတ်ချို ဟု ယူဆရသော ဦးချိုနှစ်ချောင်း ဝ ဒသမ ၄ ကီလိုဂရမ်ခန့်၊ တောင်ဆိတ်ချိုဟု ယူဆရသော အရှည် ၁၅ လက်မခန့်ရှိ ဦးချို တစ်ချောင်း၊ တိရစ္ဆာန်အစွယ်စုံ ၂၆ခု ဝ ဒသမ ၇ ကီလိုဂရမ်ခန့်၊ တိရစ္ဆာန်အရိုးခြောက်မျိုးစုံ ၁၁၂ ကီလိုဂရမ်ခန့်တို့ကို တွေ့ရှိရာ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူဆယ် မြို့မရဲစခန်းက တရားမဝင်သစ်များ နှင့် သစ်တောထွက်သားရိုင်း တိရစ္ဆာန်ပစ္စည်းများ လက်ဝယ် ထားရှိသူ ဦးဟုန်ကြိုင်မုန်အား ပြစ်မှုပုဒ်မအရ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သိန်းဇော်(ရွှေလီဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment