Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 25, 2015

ကွန်ဒိုမီနီယံနှင့် ရိုးရိုးကန်ထရိုက်တိုက်ခန်း ကြိုပွိုင့် စနစ် ရောင်းချမှု အရောင်းအဝယ်အေး

ဓာတ်ပုံ - ဖိုးချို
ရန်ကုန် ဇန်နဝါရီ ၂၄


ရန်ကုန်မြို့တွင်း မြို့နယ်ပိုင်း၌ ၂ဝ၁၅ ခုနှစ်တွင် ကွန်ဒိုမီနီယံ တည်ဆောက်မှု ပိုမို များပြားလာပြီး ရိုးရိုးကန်ထရိုက်တိုက်ခန်း နှင့်ကွန်ဒိုမီနီယံ ဈေးကွက်တွင် ကြိုပွိုင့်စနစ် ရောင်းချမှု အရောင်းအဝယ် အေးလျက်ရှိ ကြောင်း သိရသည်။

ကွန်ဒိုမီနီယံ တိုက်ခန်းများကို ၃၆ လ အရစ်ကျရောင်းချမှု များ ရှိပြီး တဖြည်းဖြည်း ချင်းရောင်းချနေရကြောင်း၊ ရိုးရိုးကန်ထရိုက် တိုက်ခန်း ကြိုပွိုင့်စနစ်ရောင်းချမှုသည် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် တည်ဆောက်နေကြပြီး အရောင်းအဝယ် ပါးလျက်ရှိကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှအထွေထွေအတွင်း ရေးမှူး ဒေါ်မိုးမိုးအောင်ကပြောသည်။
''ကွန်ဒိုမီနီယံတွေလဲ အများကြီး ရောင်းနေရတယ်ဆိုတာမရှိဘူး။ ၃၆ လ အရစ်ကျရောင်းချမှုတွေမှာဝယ်တဲ့သူတော့ ရှိတယ်။ ရိုးရိုးကန်ထရိုက်တိုက်ခန်း ကြို ပွိုင့်ရောင်းချမှုက အရင်နှစ်တွေလောက် အရောင်းအဝယ်မကောင်းဘူး။ ဝယ်တဲ့သူ ရှားတယ်။ တကယ်နေဖို့ဝယ်တာမျိုးပဲရှိ တယ်''ဟု ၄င်းကဆက်လက်ပြောသည်။

၂ဝ၁၅ ခုနှစ် အိမ်ခြံမြေဈေးကွက် အနေအထားအပြောင်းအလဲကိုစောင့်ကြည့် နေဆဲကာလဖြစ်ပြီးတရုတ်နှစ်သစ်ကူးအပြီး ဖေဖော်ဝါရီလကုန်ပိုင်းအထိစောင့်ကြည့်ရ မည်ဖြစ်ကြောင်း၊ အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်မှာကြိုပွိုင့်စနစ်သာမက ဈေးကွက်အနေအထား အေးလျက်ရှိပြီး အငှားဈေးကွက်မှာ တွင်ကျယ်လျက်ရှိ ကြောင်း၊၂ဝ၁၅ခုနှစ်တွင်နိုင်ငံခြားသားများ ပိုမိုဝင်ရောက်လာမည်ဖြစ်၍အငှားဈေးကွက် တွင်ကျယ်လာမည်ဖြစ်ကြောင်း ဒေါ်မိုး မိုးအောင်ကသုံးသပ်ပြောကြားသည်။

ချယ်ရီ
The Union Daily
http://uniondaily.net/News/DetailView.aspx?id=10512&path=Business.aspx

No comments:

Post a Comment