.ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စ ရင်လတ်ရှင်နာဝပ်ကို စွဲဆိုထားတဲ့အမှု ဒီတပတ် ကြားနာပါတော့မယ်။
ဒီအမှုဟာ သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုကို နှစ်အတန်ကြာ
ပိတ်ပင်ခံသွားရလောက်သည်အထိ စီရင်ခံနိုင်တဲ့အထိ ပြင်းထန်တဲ့အတွက်
ပြီးခဲ့တဲ့နှစ် စစ်တပ်အာဏာသိမ်းမှုအပြီး ငြိမ်ဝပ်ပိပြားသွားတဲ့အခြေအနေကို
စမ်းသပ်ရာလည်း ရောက်ပါတယ်။
၂၀၁၃ ခုနှစ်က ထိုင်းဘုရင့်မွေးနေ့မှာ
မိန့်ခွန်းပြောနေတဲ့ ထိုစဉ်က ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ် (Photo:
Damir Sagolj / Reuters)
ထိုင်းရဲ့ ၂၀၁၁ ရွေးကောက်ပွဲမှာ အဲဒီတုန်းက နိုင်ငံရေးသမား အသစ်စက်စက်
မစ္စ ရင်လတ်ရှင်နာဝပ်ဟာ ဒီမိုကရက်တွေကို အပြတ်အသတ် အနိုင်ရပြီး
ဝန်ကြီးချုပ်ဖြစ်လာသူပါ။
သူ့ကို နယ်ဘက်၊ ကျေးလက်ဒေသမှာ အုံနဲ့ကျင်းနဲ့ ထောက်ခံခဲ့ကြ၊ ထောက်ခံနေကြဆဲပါ။
ယမန်နှစ် စစ်အာဏာသိမ်းလိုက်တဲ့ကာလမှာ ရာထူးက ဖယ်ရှား ခံရပါတယ်။
အာဏာအလွဲသုံးစားမှုနဲ့ တရားစွဲခံရပါတယ်။
ဆန်စပါး အရှုပ်တော်ပုံတခုမှာ တလွဲတချော် ကိုင်တွယ်တဲ့အတွက် တိုင်းပြည်ဟာ ဒေါ်လာ ၁၅ ဘီလျံ နစ်နာ ဆုံးရှုံးရတယ် လို့ စွပ်စွဲခံနေရတာပါ။
အခု သူ့အမှု ကိုင်တွယ်မယ့်သူတွေကလည်း အာဏာသိမ်းစစ်အုပ်စု ခန့်ထားသူတွေပါ။
သောကြာနေ့မှာ အမှုကို အစပြု ကြားနာပါမယ်။ အပြီးသတ်စီရင်ချက်
ဒီလကုန်ပိုင်း ချမှတ်ဖွယ် ရှိပါတယ် တဲ့။ သူ အမှုရှုံးရင်တော့ နိုင်ငံရေးကနေ ၅
နှစ် အနားယူရပါမယ်။
အကဲခတ်များကတော့ စစ်အုပ်စုရဲ့ ရည်ရွယ်ချက်ဟာ ရင်လတ်ရှင်နာဝပ် မိသားစုရဲ့
သြဇာ ကြီးမားနေမှု အဆုံးသတ်သွားရေးဖြစ်မယ်၊ ဒီလိုလုပ်ရင် သူ့ကို
ထောက်ခံသူတွေ ငြိမ်နေမယ်မဟုတ်ဘူးလို့ ဆိုကြပါတယ်။
“ရင်လတ်ရှင်နာဝပ် အဖယ်ရှားခံရရင်တော့ စစ်အစိုးရကို တော်လှန်ပုန်ကန်တာတွေဖြစ်လာအောင် ဆွပေး ရောက်သွားမှာပဲ” လို့
သူ့ကို ထောက်ခံ၊ စစ်အုပ်စုကို ဆန့်ကျင်တဲ့ ညီညွတ်သောဒီမိုကရေစီတပ်ဦးအဖွဲ့ ပြောခွင့်ရ အရာရှိတဦးက ဆိုပါတယ်။
ထိုင်းမှာ စစ်အုပ်ချုပ်ရေးက နိုင်ငံတ၀န်း ပြဋ္ဌာန်းထားဆဲပါ။ ဆန္ဒပြတာတွေလည်း ပိတ်ထားဆဲပါ။
သို့သော်လည်း စစ်အုပ်စုကို အာခံတဲ့ ဆန္ဒပြမှုအသေးစားတွေ ဖြစ်လာနိုင်ပါသေးတယ်။
ဇာနည်ဝင်း
ကိုးကား
Ex-PM’s Impeachment to Test Thai Junta’s Fragile Calm
By AMY SAWITTA LEFEVRE / REUTERS
http://www.irrawaddy.org/asia/ex-pms-impeachment-test-thai-juntas-fragile-calm.html
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 8, 2015
ရင်လတ်ရှင်နာဝပ်ကို စွဲဆိုထားတဲ့အမှု စစ်ဆေး ကြားနာတော့မယ်
ရင်လတ်ရှင်နာဝပ်ကို စွဲဆိုထားတဲ့အမှု စစ်ဆေး ကြားနာတော့မယ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 08, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment