Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 30, 2015

သမိုင်းဝင်ဂိတ်တံခါးကြီးလေလံတင်မည့်ကိစ္စ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိ ဂိတ်တံခါးကြီးကိုကျွန်တော် တရားဝင်လက်ဝယ်ရရှိထားပါသည်။ ထိုဂိတ်တံခါးကြီးနှင့်အတူ (၅၄)ဆိုသော အိမ်နံပတ်ကြွေပြားတစ်ခုကိုလည်းရရှိထားပါသည်။

၎င်းပစ္စည်းတို့သည် သမိုင်းဝင်ပစ္စည်းများဖြစ်သောကြောင့်ကျွန်တော်အမြတ်တနိုး သိမ်းဆည်း ထားရှိခဲ့ပါသည်။ ထိုဂိတ်တံခါးကြီးကသာ စကားပြောနိုင်မယ်ဆိုရင်နှစ်ပေါင်း(၂၅)နှစ်ကျော် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲသမိုင်းကို ပြန်လည်ပြောပြနိုင်သောပစ္စည်းတစ်ခုဖြစ်ပါသည်။

ကျွန်တော်သားစဉ်မြေးမြစ်သိမ်းဆည်းထားလိုသော်လည်းဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့် မွေးနေ့အခမ်းအနားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တည်ဆောက်ရေးတို့အတွက်အလှူငွေအားလုံး လှူဒါန်းလိုပါသဖြင့် အဆိုပါဂိတ်တံခါးကြီးနှင့် အိမ်နံပတ်ပြားတို့အားကြမ်းခင်းဈေး ကျပ်သိန်း(၂၀၀၀)ဖြင့် လေလံတင်ရောင်းချလိုပါသည်။

မြန်မာနိုင်ငံသားများသာမက ကမ္ဘာတ၀ှမ်းရှိလူမျိုးမရွေး၊ နိုင်ငံသားမရွေး ဒီမိုကရေစီမြတ်နိုးသူ တိုင်းဝယ်ယူနိုင်ရန် အသိပေးအပ်ပါသည်။လေလံပွဲအသေးစိတ်ကို ရက်ပိုင်းအတွင်း ကြေငြာပါမည်။

ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)
Credit : NLD

No comments:

Post a Comment