Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

ပဲခူးမြစ် လမ်းဆုံမှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်သဖြင့် ခရီးသည်(၂၁)ဦး ဒဏ်ရာရ


ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်(၂၁)ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်န၀ါရီ ၂၀

၂၀.၁.၂၀၁၅ ရက်နေ့ ၀၆၁၅ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံသီရိ လမ်းအတိုင်း အရှေ့မှ အနောက်သို့ အငယ်ကောင်(ခ)ပြည့်စုံ မောင်းနှင်လာသော 1A---- ဒိုင်နာအမျိုးအစား (၁၄၆)ယာဉ် လိုင်း ခရီးသည်တင်ယာဉ်သည် ပဲခူးမြစ် လမ်းဆုံအရောက် ယာဘက်သို့ ချိုးကွေ့စဉ် အရှိန်မထိန်းနိုင်ဘဲ ၀ဲဘက်ရှိမြောင်း အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပါသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ ဖြစ်သည့် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၁၀)ဦးတို့တွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြသဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ)များအဖြစ် ကုသမှုခံယူခဲ့ရ ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း အငယ်ကောင်(ခ)ပြည့်စုံအား ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်းယာဉ်(ပ)၃/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၃၈/ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့် ရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment