Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 24, 2015

မဘသဥက္ကဋ္ဌကျောင်း ဗုံးခြိမ်းခြောက်ခံရ

ဓာတ်ပုံ – အိမမမွန်
အင်းစိန်မြို့နယ် ရွာမဘုန်းကြီး ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ကို ကျောင်းဝင်း အတွင်း ဗုံးထောင်ထားတယ်လို့ ဖုန်းဆက်ခြိမ်းခြောက်မှု မနေ့ည ၁၁ နာရီလောက်က ဖြစ်ပွား ခဲ့ပါတယ်။

ဒီခြိမ်းခြောက်မူကြောင့် သက်ဆိုင်ရာက ရှာဖွေရေးကိရိယာတွေနဲ့ ၀င်ရောက်ရှာဖွေခဲ့ပေမယ့် တစုံတရာ မတွေ့ရဘူးလို့ အင်းစိန်မြို့နယ်စခန်းမှူး ဒုရဲအုပ် မျိုးမြင့်ကြိုင်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာက တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသလို ကျောင်းထိုင်ဆရာတော် ကလည်း သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်လို့ ဆိုပါတယ်။

ခြိမ်းခြောက်ခံရတဲ့ အင်းစိန်ရွာမကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသဟာ
မဘသ ဥက္ကဋ္ဌ ဖြစ်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေတင်သွင်းရာမှာ
ဦးဆောင်ပါဝင်သူလို့ သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78359

No comments:

Post a Comment