Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

ဆက်သွယ်ရေးလိုင်စင်နှင့် အခွန်ငွေ ကောက်ခံမည့် နှုန်းထားများ သတ်မှတ်

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးလိုင်စင်နှင့် အခွန်ငွေကောက်ခံမည့် နှုန်းထားများကို သတ်မှတ်ထားပြီး လိုင်စင်နှင့်ပတ်သက်၍ အမျိုးအစားလေးမျိုး ခွဲခြားထားကြောင်း သိရသည်။

လိုင်စင်အမျိုးအစားများနှင့် ပတ်သက်၍ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (အထူး)၊ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (သာမန်)၊ ကွန်ရက် ဝန်ဆောင်မှုလိုင်စင်နှင့် အသုံးချ ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ဟူ၍ လေးမျိုးခွဲခြားထားခြင်း ဖြစ်သည်။

ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (အထူး) အတွက် လိုင်စင်လျှောက်လွှာကြေး ကျပ်သိန်း ၁၀၀ နှင့် ကနဦးလိုင်စင်ကြေး ကျပ်သိန်း ၅၀၀ ကျသင့်မည်ြ ဖစ်ပြီး နှစ်စဉ်ကြေး အဖြစ် ဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဟု သိရသည်။

ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (သာမန်) အတွက် လိုင်စင်လျှောက်လွှာကြေး ၂၅ သိန်းကျပ်နှင့် ကနဦးလိုင်စင်ကြေး ၁၂၅ သိန်းကျပ် ကျသင့်မည်ြ ဖစ်ပြီး နှစ်စဉ်ကြေး အဖြစ် ဝင်ငွေ၏ ၀.၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု သိရသည်။

အလားတူ ကွန်ရက်ဝန်ဆောင်မှု လိုင်စင်အတွက် လိုင်စင်လျှောက်လွှာကြေး ကျပ်သိန်း ၅၀ ကျပ်နှင့် ကနဦးလိုင်စင်ကြေး ကျပ်သိန်း ၂၅၀ ကျသင့်မည်ဖြစ်ပြီး နှစ်စဉ်ကြေး အတွက် ဝင်ငွေ၏ ၁ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဟု သိရသည်။

အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ လိုင်စင်လျှောက်လွှာကြေး ၂၅ သိန်းကျပ်နှင့် ကနဦးလိုင်စင်ကြေး ကျပ်သိန်း ၁၀၀ ကျသင့်မည်ဖြစ်ပြီး နှစ်စဉ်ကြေး အဖြစ် ၀.၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၌ ထုတ်ပြန်ထားကြောင်း သိရသည်။

ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (အထူး) ၌ 1. Terrestrial Fixed Line and radio transmission 2. Submarine cable facilities 3. Satellite earth sation facilities နှင့် 4. Mobile base station facilities and passive infrastructure to deploy networks လုပ်ငန်းများ ပါဝင်သည်ဟု သိရသည်။

ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလိုင်စင် (သာမန်) ၌ 1. Towers, masts, ducts 2. Trenches and poles နှင့် 3. Dark fiber လုပ်ငန်းများပါဝင်ပြီး ကွန်ရက်လုပ်ငန်း ဝန်ဆောင်မှုလိုင်စင်၌ 1. Wireline Connetivity Services 2. Terrestrial Wireless Connectivity Services 3. Satellite Uplink /downlink connectivity Service 4. International and domestic network transport and switching services နှင့် 5. International gateway services လုပ်ငန်းတို့ ပါဝင်သည်ဟု သိရသည်။

အလားတူ အသုံးချဝန်ဆောင်မှု လုပ်ငန်းလိုင်စင်၌ 1. Public payphone services 2. Public switched data services 3. Audiotext hosting services provided on an opt- in basis 4. Dictionary services 5. Internet service provider services နှင့် 6. Messaging services and Value added services လုပ်ငန်းများ ပါဝင်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် အောက်တိုဘာလ ၁၄ ရက် ရက်စွဲဖြင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေကို ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါနည်းဥပဒေအရ လိုင်စင်အမျိုးအစား လေးမျိုးခွဲခြားခဲ့ပြီး အမျိုးအစားအလိုက် လိုင်စင်ကြေးနှင့် အခွန်ကောက်ခံမည့် နှုန်းထားများကို သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။



Internet Journal

No comments:

Post a Comment