ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏
နောက်ဆုံးထုတ်ပြန် ထားသည့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေအရ
အများပြည်သူ သုံးအင်တာနက်ဆိုင် (Public Access Centre)ဖွင့်လှစ်ခွင့်အတွက်
ကျပ် သိန်း ၁၀၀ သတ်မှတ်ထားသဖြင့် လုပ်ငန်းလုပ်ကိုင်သူများအခက်တွေ့
နေကြောင်း သတင်းရရှိသည်။
PAC ဖွင့်လှစ်ခွင့်အတွက် လျှောက်လွှာကြေး
ကျပ်နှစ်ဆယ့်ငါး သိန်း၊ ကနဦးလိုင်စင်ခ ကျပ်သိန်း ၁၀၀
သတ်မှတ်လိုက်ခြင်းဖြစ်သည်။ PAC ဖွင့်လှစ်ခွင့်များ စတင်ချထားပေးစဉ်က
ကျပ်ရှစ်သိန်းခြောက်သောင်း ဝန်းကျင်သာကုန်ကျခဲ့သည့် လိုင်စင်ကြေးကို လက်ရှိ
PAC ဆိုင်များ အလုပ်ဖြစ်ထွန်းမှုမရှိချိန်တွင်
ကျပ်သိန်းရာကျော်တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက
ပြောသည်။
‘‘အင်တာနက်ဆိုင်တွေက အလုပ်မှမဖြစ်တော့တာ အခုလိုင်စင်
ကြေးနဲ့လျှောက်လွှာတင်သူ ဘယ်ရှိမလဲ။ အသစ်လျှောက်တဲ့သူသိပ်မရှိ ဘူး။
အစ်ကိုတို့လည်း သက်တမ်းတိုးရမယ်ဆိုလို့သာ လျှောက်လွှာတင် ခဲ့တာ’’ဟု
ကိုယ်တိုင်လျှောက်လွှာတင်ခဲ့သူတစ်ဦးက ပြောသည်။
PAC
လိုင်စင်အသစ်လျှောက်ထားမည့်သူများအတွက် ယခုသတ် မှတ်ချက်မှာ
များပြားလွန်းသောကြောင့် လျှောက်ထားသူနည်းပါးနေခြင်း ဖြစ်ပြီး
လက်ရှိလုပ်ကိုင်နေသူများပင် လိုင်စင်သက်တမ်းတိုးရန်ထက် ဂိမ်းဆိုင်အဖြစ်
ပြောင်းလဲလုပ်ကိုင်ရန် စိတ်အားထက်သန်နေကြကြောင်း
ယင်းလုပ်ငန်းလုပ်ကိုင်နေသူများက သုံးသပ်နေကြသည်။
လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေအရ အများသုံးအင်တာ နက်ဆိုင်များသည်
အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ဆောင်ရမည့် သတ်မှတ်ချက်ထဲတွင်ပါဝင်နေပြီး
ကနဦးလိုင်စင်ကြေးမှာ လုပ်ငန်း စတင်လုပ်ကိုင်လိုသူများအတွက်
အဆင်မပြေကြောင်း ဝေဖန်မှုများ လည်းထွက်ပေါ်နေသည်။
‘‘PAC
လိုင်စင်ကြေးက လိုင်စင်ကြေးသတ်မှတ်ထားတဲ့ လေးမျိုး ထဲက
အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ထဲမှာပါတယ်။ နည်းဥပဒေ ထုတ်ပြန်ချက်ထဲမှာ
ဇယားကွက်တွေနဲ့ လိုင်စင်ကြေးတွေတစ်ခါတည်း ထုတ်ပြန်ထားတယ်’’ဟု
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာအတွင်းက ထုတ်ပြန်ထားသည့် နည်း ဥပဒေတွင်
လုပ်ငန်းလိုင်စင်လေးမျိုးအတွက်
လိုင်စင်ကြေးသတ်မှတ်မှုများတစ်ပါတည်းပါရှိပြီး
ကွန်ရက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-အထူး (Individual)အတွက်
လျှောက်လွှာကြေးနှင့် ကနဦး လိုင်စင်ခ နှစ်ခုပေါင်းကို ကျပ်သိန်း ၆၀၀၊
ကွန်ရက်အထောက်အကူ ပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်-သာမန် (Class)အတွက်
နှစ်ခုပေါင်း ကျပ်သိန်း ၁၅၀၊
ကွန်ရက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှစ်ခုပေါင်း ကျပ် သိန်း ၃၀၀၊
အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှစ်ခုပေါင်း ကျပ်သိန်း ၁၂၅
သိန်းသတ်မှတ်ထားခြင်းဖြစ်သည်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 9, 2015
အများပြည်သူသုံးအင်တာနက်လိုင်စင်ကြေး တိုးမြှင့်လိုက်သဖြင့် လုပ်ငန်းရှင်များအခက်တွေ့
အများပြည်သူသုံးအင်တာနက်လိုင်စင်ကြေး တိုးမြှင့်လိုက်သဖြင့် လုပ်ငန်းရှင်များအခက်တွေ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment