ဝယ်ယူရင်းနှီးမြှုပ်နှံသူ
နည်းပါးလာသဖြင့် ကွန်ဒိုတိုက် ခန်းများကို ဈေးလျှော့ရောင်းချနေ ကြောင်း
အိမ်ခြံမြေအကျိုးဆောင် များထံမှ သတင်းရရှိသည်။
‘‘ဈေးနှုန်းက
ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလောက်ထိ ဈေးလျှော့ ရောင်းနေရတယ်’’ဟု မဏ္ဍိုင်အိမ်
ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန် နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။
တိုက်ခန်းကွန်ဒိုဈေးသည် ယခုရက်အတွင်း ရန်ကုန်မြို့ နေရာအချို့၌ ကျပ်သိန်း
၅,၀၀၀ တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းတစ်ခုလျှင် ကျပ် သိန်း ၅၀၀ မှ ၁,၀၀၀
ကြားထိ ဈေးလျှော့ရောင်းချမှုများရှိကြောင်း အကျိုးဆောင်များက ပြောသည်။
တရားမဝင်ငွေကြေး တား ဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ကျပ်သိန်း ၁,၀၀၀ အထက်
အရောင်းအဝယ် ပြုလုပ်မှုများကို စောင့်ကြည့်လာသဖြင့် အိမ်ခြံမြေ
ရောင်းဝယ်မှုအေးစက်လာသည်။ ထို့အပြင် ၂၀၁၄ နှစ်ကုန်တွင်ဖြစ်ပွားခဲ့သော
တရုတ်နိုင်ငံကမြန်မာနိုင်ငံသို့လွှဲပြောင်းပေးမည့်ငွေစာရင်းများကို
တားဆီးစစ် ဆေးမှုများဖြစ်ပွားပြီးနောက်ပိုင်း တွင် ပြည်တွင်းအိမ်၊ မြေ၊
ကွန်ဒိုတိုက်ခန်းဈေးကွက်မှာ အရောင်း အဝယ်ပိုအေးကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များက ပြောကြား သည်။
ထို့အပြင် ကွန်ဒိုတိုက်ခန်း
အထပ်မြင့်တည်ဆောက်သူများ မှာ ယခုနှစ်တွင် များလာပြီး ဝယ် ယူနိုင်သည့်
ပမာဏထက် ပိုမို တည်ဆောက်လာသဖြင့် ငွေ ကြေးလည်ပတ်မှုခက်ခဲလာခြင်း ကြောင့်
ဆောက်လုပ်ရေးလုပ်ငန်း ရှင်က ငွေကြေးလည်ပတ်နိုင်ရန်
ဈေးလျှော့ရောင်းချခြင်းဖြစ်သည်ဟု ပုဇွန်တောင်မြို့နယ်မှ ဆောက်လုပ်ရေး
လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ထို့အပြင် တိုက်ခန်းများ
အရည်အသွေးနိမ့်ကျခြင်း၊ အငှား စရိတ် မြင့်တက်လာခြင်းနှင့် ဝယ်
ရောင်းလုပ်သူများငွေကြေးမပြေ လည်မှုများကြောင့် ကွန်ဒိုတိုက်ခန်းများ
ဈေးလျှော့ရောင်းလာ သည်ဟု Excellent အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ
ဦးမောင် မောင်ကြီးက ပြောသည်။
ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်း
များရောင်းဝယ်မှုမှာလည်း မြို့ တော်စည်ပင်မှ စစ်ဆေးမှုများ၊ တရားမဝင်
တည်ဆောက်မှုများ ကြောင့် အခန်းဝယ်ယူမှုများတွင် ယုံကြည်မှုနည်းလာကာ အရောင်း
အဝယ်အေးလာသည်ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
http://7daydaily.com/story/28864#.VK5kb3RFDcd
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 8, 2015
ကွန်ဒိုတိုက်ခန်းများ နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ရောင်းလာကြ
ကွန်ဒိုတိုက်ခန်းများ နှစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ရောင်းလာကြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 08, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment