၂၀၁၅
အတွင်းကမ်း လှမ်းထားသော ရုပ်ရှင်ဇာတ်ကား များထဲမှ စိတ်ကြိုက်ရွေးချယ်၍
ရိုက်ကူးသွားရန်ရှိပြီး တစ်ကိုယ် တော်အခွေကိုလည်း စီစဉ်နေ ကြောင်း စိုးသူက
ပြောသည်။
‘‘ဒီနှစ်ထဲမှာ ရုပ်ရှင်ရိုက်ဖြစ် မယ်။ လောလောဆယ် လက်ခံ
ထားတာ နှစ်ကားလောက်ရှိမယ်။ နောက်ထပ်လည်း အားနာနာနဲ့ အရင်ကတည်းက
ကမ်းလှမ်းထား တဲ့ ဇွဲသမားတွေအတွက် လက်ခံ ရိုက်ကူးမယ့်ဇာတ်ကားတွေရှိ တယ်။
အများပြည်သူတွေ အကျိုး ရှိမယ့်ဇာတ်ကားလေးတွေရိုက် ကူးဖို့
အစီအစဉ်ရှိပါတယ်’’ဟု ၎င်းက ပြောသည်။
ဒါရိုက်တာ မောင်မျိုးမင်းနှင့်
ရုပ်ရှင်တစ်ကားရိုက်ကူးရန် အစီ အစဉ်ရှိပြီး ဒါရိုက်တာ ဇော်မြင့်
ဦးရိုက်ကူးမည့် ဇာတ်ကား အတွက်လည်း ဇာတ်ညွှန်းဖတ်နေ ကြောင်း ၎င်းက ဆိုသည်။
‘‘ဒီရက်ပိုင်းမှာ တစ်ကိုယ် တော်စီးရီးလက်ကျန်လေးတွေ ဖြတ်နေတယ်။
ရိုက်ကူးရေးလေး တွေဖြတ်မယ်။ ရိုက်ကူးရေးက တော့ အသံခွေထွက်လို့မီရင် လည်း
တစ်ခါတည်းထွက်မယ်။ မမီရင်လည်း ပရိသတ်တွေစောင့် နေတာကြာပြီဆိုတော့ အသံခွေ
အရင်ထွက်မယ်’’ဟု စိုးသူက ပြောသည်။ တစ်ကိုယ်တော်အခွေတွင် သီချင်းစုစုပေါင်း
၁၃ ပုဒ်ပါဝင် မည်ဖြစ်ပြီး ‘အမြတ်နိုးဆုံးမင်း အကြောင်းလေး’ဟု ယာယီ
အမည်ပေးထားကာ အမြန်ဆုံးဖြန့်ချိပေးသွားမည်ဟု ၎င်းကဆို သည်။
‘‘ပရိသတ်ကိုလည်း အားနာ တယ်။ သူတို့စောင့်နေရတာ လည်းကြာပြီလေ။ ဒါပေမဲ့
ကောင်းသထက်ကောင်းအောင် ပေးဆပ်ချင်တယ်။ တင်ဆက်ချင်တယ်။ အဲဒါကြောင့်
အနုပညာပစ္စည်းလေးကိုသေသေချာချာလေးလုပ် နေတာပါ’’ဟု စိုးသူကပြောသည်။
အများပြည်သူ အကျိုးရှိမည့် ပြည်တွင်းဖျော်ဖြေပွဲပြု လုပ်ရန်
အစီအစဉ်ရှိသကဲ့သို့ နိုင်ငံတကာဖျော်ဖြေပွဲများ သွားရောက်ရန်လည်း
အစီအစဉ်ရှိကြောင်း စိုးသူက ပြောသည်။
http://7daydaily.com/story/29172#.VLHGeXs9THR
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 10, 2015
ပိတ်ကားထက်မှာ ပြန်မြင်ရတော့မယ့် စိုးသူ
ပိတ်ကားထက်မှာ ပြန်မြင်ရတော့မယ့် စိုးသူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 10, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 10, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment