Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

အနုပညာသက်တမ်း ၂၅နှစ် မှာ ကိုတင့်ကားက သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးလို့ပြောပြလာတဲ့ ကျော်ဇောလင်း

ခုလက်ရှိ ရုံတင်ပြသနေတဲ့ ကိုတင့် ကားရဲ့ ဖန်တီးပုံဖော်သူ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် သူ့ရဲ့ ကိုတင့်ဇာတ်ကားနဲ့ပတ်သတ်ပြီး မေးမြန်းကြည့်တဲ့အခါ “ကိုတင့် ကားလေးက ကိုယ်ရိုက်ခဲ့တဲ့ ကားတွေထဲမှာ ပထမဆုံး ရုပ်ရှင်ကားကြီးပေါ့။ ကိုတင့်ကို အရင်က ဗီဒီယိုပဲ ရိုက်ဖူးတယ်။ ရိုက်ခဲ့တဲ့ကားတွေထဲမှာလဲ ပါဝင်တဲ့ သူတော်တော်များများက ဟာသ သရုပ်ဆောင်တွေ များတယ်။ ဒါပေမဲ့ ဈေးကွက်အနေအထား တစ်ခုကြောင့် ကိုတင့်ကို ၃ နှစ်လောက်မရိုက်ဖြစ်ပဲ၊ ပြန်ရိုက်မဲ့အချိန်မှာ ကိုယ်ရုပ်ရှင်ကားကြီး အနေနဲ့ စအကောင်အထည် ဖော်ဖို့ ဖြစ်လာခဲ့တယ်။ စရိုက်မယ်ဆိုတော့ ဟာသသရုပ်ဆောင်တွေနေရာမှာ စူပါမင်းသား၊ မင်းသမီးတွေကို သုံးဖို့ ကိုယ်အကြံရခဲ့တယ်။ ဒီစူပါသရုပ်ဆောင်တွေက လဲ ကိုတင့်ကားမှာ ပါဖို့ အနုပညာကြေးတောင် မယူပဲ ပါဝင်ပေးကြတယ်။ သူတို့က အစကတည်းက ပရိသတ်အတွက်လို့ ရည်ရွယ်တဲ့ ကိုတင့်တို့ စူပါရပ်ကွက်က ပရိသတ်တွေတွက်အရမ်း ကိုကျေနပ်စရာကောင်းမယ် လို့လဲ မျှော်လင့်မိတယ်။ ပရိသတ်တွေအရမ်းကြည့်ကြတော့ ကိုယ်တို့လဲ ကြိုးစားရကျိုး နပ်တယ်လို့ယုံကြည်တယ်။ ကိုယ်အနုပညာသက်တမ်း အနည်းဆုံး နှစ်အစိတ်လောက်ရှိပြီ။ အဲ့ဒီ နှစ်အစိတ်မှာ ကိုတင့်ကားက ပထမဆုံး ရုပ်ရှင်ကားကြီးပေါ့။ နောက်တစ်ကားက အောင်ဘာလေ ဆိုတဲ့ကား အဲ့ဒီနှစ်ကားပဲ ရိုက်ထားရပါသေးတယ်”လို့ပြောပြသွားခဲ့ပါတယ်။

trend myanmar

No comments:

Post a Comment