ဗီယင်နာ
လင်းပ
သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့တော်တွင် ယောက်ျားလျာ နှစ်ဦးသည် ကော်ဖီဆိုင်တွင်း တစ်ဦးကို တစ်ဦး အကြင်နာပေး မှုကြောင့် ဆိုင်တွင်းမှ နှင်ထုတ်ခံခဲ့ရ မှုကြောင့် လိင်တူ ချစ်သူများ၊ အခွင့်အရေး တောင်းဆိုသူ များက ၎င်းတို့၏ အခွင့်အရေး လေးစားရန် တောင်းဆို ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
ဗီယင်နာတွင် ထိုစုံတွဲ မောင်းထုတ်ခံရမှု အတွက် လိင်တူ ချစ်သူများ ဆန္ဒပြ ချီတက် ခဲ့ရာတွင် လူပေါင်း နှစ်ထောင်ကျော် ပါဝင်ခဲ့ သည်။ ထိုစုံတွဲမှာ မြို့တော်ရှိ နာမည်ကြီး ကော်ဖီဆိုင် Prueckel တွင် ချိန်းတွေ့စဉ် တစ်ဦးနှင့် တစ်ဦး အကြင်နာပေးမိ မှုကြောင့် ဆိုင်ထဲမှ ဆွဲထုတ်ခံ ခဲ့ရခြင်း ဖြစ်သည်။
ဆိုင်မန်နေဂျာက ၎င်းတို့ တုံ့ပြန်မှုမှာ အနည်းငယ် ကြမ်းခဲ့ သော်လည်း ထိုယောက်ျား လျာစုံတွဲမှာ အလွန်အကျွံ ဖြစ်နေ၍ ဆိုင် တွင် ကျင့်သုံးရမည့် စံချိန်စံညွှန်း အရ ဖယ်ရှားရခြင်း ဖြစ်ကြောင်း ဆိုသည်။ သြစတြီးယား နိုင်ငံ မြို့တော် ဗီယင်နာမှာ နှစ်စဉ် ဆိုသလို မိန်းမလျာများ၊ လိင်ပြောင်း များနှင့် လိင်တူ ချစ်သူ များ၏ ပွဲလမ်းများကို ကျင်းပနေကျ နေရာ ဖြစ်သည်။ နှင်ထုတ်ခံရသည့် ယောက်ျားလျာ စုံတွဲကမူ ၎င်းတို့ ဆန္ဒပြ ခြင်းမှာ လိင်တူ ချစ်သူများအား ခွဲခြား ဆက်ဆံခြင်းကို အများ ကျယ်ပြန့်စွာ သိရှိ လာအောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆိုသည်။
လိင်တူ အခွင့်အရေး အဖွဲ့  Rainbow Scouting Austria မှ ဖီးလစ်ပါတယ် ကလည်း ကျွန်တော်တို့ ဒီမှာ ရပ်တည် နေတာ သည်းခံ နိုင်စွမ်း မရှိမှုနဲ့ လိင်တူ ချစ်သူတွေကို ရွံ့ကြောက်မှု တွေကို ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။ ဥပဒေတွေဟာ ပြောင်းလဲဖို့ လိုပါတယ်။ ဂေး ဖြစ်လို့ ယောက်ျားလျာ ဖြစ်လို့ ဆိုပြီး ကဖေးဆိုင်၊ စားသောက်ဆိုင်တွေ ထဲကနေ ဆွဲထုတ် ခံရတာ မဖြစ်သင့်ပါဘူး ဟု ၎င်းက ပြောသည်။
Source:BBC
http://www.messengernewsjournal.com/News/Inter/detail.php?id=30024
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 18, 2015
လိင်တူ ချစ်သူ (၂) ဦး ကော်ဖီဆိုင် တွင်းမှ နှင်ထုတ်ခံခဲ့ရ ပြီးနောက် လိင်တူ ချစ်သူများ ဆန္ဒပြ
လိင်တူ ချစ်သူ (၂) ဦး ကော်ဖီဆိုင် တွင်းမှ နှင်ထုတ်ခံခဲ့ရ ပြီးနောက် လိင်တူ ချစ်သူများ ဆန္ဒပြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment