Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 30, 2015

အခွေနာမည် 21 ဆိုတာ သူမရဲ့အသက်ကို ကိုယ်စားပြုထားတာပါလို့ ဆိုလာသူ ထက်ထက် ( Bobby Soxer )



မြန်မာနိုင်ငံရဲ့ ဟစ်ပ်ဟော့လောကမှာ မိန်းကလေးရက်ပ်ပါ တစ်ယောက်အဖြစ် အောင်မြင်စွာ ရပ်တည်လာနိုင်ခဲ့တဲ့ ထက်ထက် (Bobby Soxer) ဟာ သူမရဲ့အသက် ၂၁နှစ် မှာပဲ 21 ဆိုတဲ့ Audio အခွေလေးတစ်ခွေ ပရိသတ်ထံ အရောက်ပို့ပေးမယ်တော့မယ်လို့ သိရပါတယ်။ သူမရဲ့ 21 အခွေစာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကို ( ၃၀.၁.၁၅) ရက်နေ့က Central ဟိုတယ်မှာ အနုပညာမောင်နှမတွေ စုံစုံလင်လင်နဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ၂၁ အခွေနဲ့ ပတ်သတ်ပြီး သူမရဲ့ ရင်ခုန်သံနဲ့ စိတ်လှုပ်ရှားမှုအပိုင်း ကို ပြောပြခဲ့တာကတော့ “သီချင်း အမျိုးအစားတွေကတော့ အချစ်သီချင်းတွေ၊ ဟစ်ပ်ဟော့ ပုံစံလေးတွေ၊ taste မတူတာလေးတွေ၊ အသည်းကွဲသီချင်းလေးတွေ အားလုံးစုထားပြီး ၁၂ ပုဒ်ထည့် ထားပါတယ်။ ထက်ထက် ရေးထား တာက ၈ပုဒ်ပါတယ်။ တေးရေးတွေက ကိုလွှမ်းပိုင်၊ ကိုဘန်နီနဲ့ကိုသိန်းလင်းစိုး ပါပါတယ်။ ကိုလွှမ်းပိုင် ရေးထားတဲ့အထဲမှာ အိမ်ထောင်ရှင် စိတ်ကူးဆိုတဲ့ သီချင်းလေးကတော့ မှတ်မှတ်ရရဖြစ်တယ်။ မိုနိုခေတ်ကို ရအောင်အသံကို ချိန်ထားတယ်။ နောက်တစ်ပုဒ်ကတော့ ကိုသိန်းလင်းစိုး ရေးပေးတဲ့ အနာဂတ်လေးဆိုတဲ့ သီချင်းက ညီမ ၁၀တန်းနှစ်တုန်းက ရေးထားတဲ့ သီချင်းလေးပါ။ ဒီသီချင်းရဲ့ သက်တမ်းက ၅ နှစ် ၆ နှစ်လောက်ရှိပြီ။ ကိုသိန်းလင်းစိုး တီးပေးထားတာလဲ ၁၀တန်း နှစ်ဆိုတော့ အဲ့သီချင်းလေးကိုတော့ အရမ်းအားရပါတယ်။”လို့ သူမက ပြောပြသွားပါတယ်။
အခွေထဲမှာFeaturing တွေအနေနဲ့ ပါဝင်မယ့် အနုပညာရှင်တွေကတော့ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ အိုင်းရင်းဇင်မာမြင့်နဲ့ မိစန္ဒီတို့ ဖြစ်တယ်လို့ သိရပြီး ပရိုမိုးရှင်းကို ၈ရက်နေ့၊ Dagon Centre 2 မှာ နေ့လည် ၃နာရီကနေ ၆နာရီ အထိ လက်မှတ်ရေးထိုးရောင်းချရင်း ပြုလုပ်သွားမှာဖြစ်ကြောင်း သူမက အသိပေးသွားပါတယ်။ ဒါ့အပြင်သူမထပ်မံ ပြောသွားတာက “၉ရက်နေ့က မန္တလေး မနော်ယမန်မှာ ၄ နာရီကနေ ၆နာရီပါ။ ပရိုမိုးရှင်းမှာ တီရှပ်တွေ ပေးမယ်။ Valentine Day show လက်မှတ်တွေ အစောင် ၂၀၀ ကံစမ်းမဲ ဖောက်ပေးမယ်။ Casio G Shop ကနေ နာရီ ၁၀လုံးပေါ့။ ရန်ကုန် ၅လုံး ၊ မန္တလေး ၅လုံး ကံစမ်းမဲ ဖောက်ပေးပါမယ်”တဲ့။
http://www.trend.com.mm/2015/01/30/hip-hop-5657

No comments:

Post a Comment