လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းတဝိုက်က ဆည်တည်းနဲ့ ဇီးတောပင်ရွာကို သွားတဲ့လမ်းတွေကို
ဒီဇင်ဘာ ၂၃ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့လိုက်ပြီး ဒေသခံတွေနဲ့
ပဋိပက္ခတွေ ထပ်မံတင်းမာလာခဲ့ရာက သေနတ်ပစ်ဖောက်မှုကြောင့် အနည်းဆုံး လူနှစ်ဦး
ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရရှိသူ တောင်သူ နှစ်ယောက်က ကိုဌေးဝင်းနဲ့
ကိုအောင်နိုင်တို့ဖြစ်တယ်လို့ လက်ပံတောင်းအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ဆည်တည်းရွာကို မီးတင်ရှို့မယ်ဆိုတဲ့ ကောလဟာလတွေ ပြန့်နေတာကြောင့်
ရွာသားတွေက ကျေးရွာကနေ လွတ်မြောက်ရာကို ထွက်ခွာနေကြပြီး ဝမ်ပေါင်ကုမ္ပဏီက
ခြံစည်းရိုးခတ်မှုကို လုံခြုံရေးတွေက အပြည့်အဝ အကာအကွယ်ပေးနေတယ်လို့
မျက်မြင်သက်သေတွေက ဆိုပါတယ်။ မိုးကြိုးပြင်နဲ့ တုံရွာ ဆက်သွယ်နိုင်မယ့်
လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားလိုက်သလို
လက်ပံတောင်းတောင်ဒေသကို ရောက်ရှိသွားတဲ့ ၈၈မျိုးဆက် ကျောင်းသားတွေနဲ့
မန္တလေးက သံဃာတွေကလည်း တုံရွာနားမှာ နေ့လည်ကတည်းက ပိတ်ဆို့မိနေတယ်လို့
ဆိုပါတယ်။
ဒေသခံ တောင်သူအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး
လူတစ်ဒါဇင်ကျော် ဒဏ်ရာတွေရရှိခဲ့တဲ့ ဒီဇင်ဘာ ၂၂ရက်နေ့က
ပဋိပက္ခနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က တရားဝင် ထုတ်ဖော်ပြောဆိုတာ
မရှိသေးပေမယ့် ဝမ်ပေါင်ကုမ္ပဏီဘက်ကတော့ လျော်ကြေးမယူတဲ့တောင်သူတွေရဲ့
လယ်ယာတွေကို ကုမ္ပဏီက အစိုးရခွင့်ပြုချက်နဲ့ ခြံစည်းရိုးတွေခတ်နေတယ်လို့
အတည်ပြုပါတယ်။ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာမှုတွေအတွက် သူတို့ကုမ္ပဏီအနေနဲ့
စိတ်မကောင်းကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ကြေးနီစီမံကိန်းတဝိုက်က ကျေးရွာတွေမှာ တစ်ချိန်တည်းလိုလို နေရာအနှံ့
ပဋိပက္ခတွေဖြစ်နေပြီး ဒီဇင်ဘာ ၂၂ရက်နေ့မှာတော့ ဝမ်ပေါင်ကုမ္ပဏီရဲ့
လုံခြုံရေးဝန်ထမ်းတွေကိုယ်တိုင် ကန့်ကွက်နေတဲ့ ဒေသခံတွေကို ပုဆိန်တွေနဲ့
တိုက်ခိုက်ဖြိုခွင်းခဲ့တယ်လို့ ဒေသခံတစ်ချို့က သတင်းမီဒီယာတွေကို
ပြောဆိုခဲ့ပါတယ်။
Kamayut Media
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 23, 2014
လက်ပံတောင်း ပဋိပက္ခ တင်းမာမှုတွေ ဆက်ပြီးတိုးနေ (Text Report)
လက်ပံတောင်း ပဋိပက္ခ တင်းမာမှုတွေ ဆက်ပြီးတိုးနေ (Text Report)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 23, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 23, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment