ရန်ကုန်မြို့တွင်း ဖွင့် လှစ်လျက်ရှိသည့် နေ့ကလပ်နှင့် ညကလပ်များတွင် Sexy
Dance ဖျော်ဖြေမှုများကို သတိပေးလိုက် ပြီး ထပ်မံတွေ့ရှိပါက လုပ်ငန်း
လိုင်စင် ပိတ်သိမ်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၆ ရက်က နေ့ ကလပ်ဖွင့်လှစ်ထားသည့် လုပ် ငန်းရှင်ခြောက်ဦးကို
ဖိတ်ခေါ် သတိပေးရာတွင် တစ်ဦးမှာ တက် ရောက်ခြင်းမရှိဟုသိရပြီး ယခုကဲ့ သို့
ဒေသန္တရအမိန့်ကို သုံးလတစ်ကြိမ် ထုတ်ပြန်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
‘‘နေ့၊ ည ကလပ်တွေခွင့်ပြု ထားတာမရှိဘူး။ ခိုးပြီးလုပ်နေကြ တာ။
ဒီတစ်ခါမရတော့ဘူး။ လုပ် ငန်းရှင်တွေကိုလည်း တွေ့ဆုံအသိပေးထားတယ်။ Hotel
Yangon ကိုလည်း အရေးယူထားတယ်။ နောက်လုပ်ရင် လိုင်စင်ပိတ်တဲ့ အထိ အရေးယူမယ်
ပြောထား တယ်’’ဟု အနောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းကြည်
ကပြောသည်။
အဆိုပါ Hotel Yangon က မူ
တိုင်းဒေသကြီးအစိုးရအဖွဲ့က၎င်းတို့အား ခေါ်ယူတွေ့ဆုံရန် အ ကြောင်းကြားခြင်း
မရှိသည့်အ တွက် မိမိတို့ ဟိုတယ်အနေဖြင့် ဘာမှပြောရန် မရှိကြောင်း ဟို တယ်မှ
တာဝန်ရှိသူတစ်ဦးက ဆို သည်။
‘‘ဒီပွဲကိုလုပ်တာက ကျွန် တော်တို့
ဟိုတယ်က လုပ်တာ မဟုတ်ပါဘူး။ ပွဲလုပ်တဲ့သူတွေကို နေရာငှားတာပါ။ ဒီဟိုတယ်မှာ
လည်း ဒါမျိုးပါတီပွဲတွေမရှိပါဘူး။ သက်ဆိုင်ရာကလည်း စာပို့တာ တွေတော့
မရှိသေးပါဘူး’’ဟု ၎င်း ကပြောသည်။
ညပိုင်းဖွင့်သည့်ကလပ်များ ကပိုများသော်လည်း ကလပ်ဝင် ကြေးမှာမူ နေ့ကလပ်များကပိုပေး ရသည်ဟု အသက် (၂၃) နှစ် အရွယ် ကိုထက်က ပြောကြားသည်။
‘‘နိုင်ငံတိုင်းမှာ ကလပ်ရှိ တယ်။ ကလပ်ပိတ်လိုက်လို့ လူ ငယ်တွေ
မပျက်စီးတော့ဘူး လား။ဒီလိုပဲ စီမံချက်တွေထွက်လာရင် တော့
ခဏတော့ပိတ်ပြီးနောက် တော့ ပြန်ဖွင့်ကြတာပဲလေ။ ကလပ်ဆိုတာတော့ လူငယ်တွေ
များတော့ တစ်ခါတလေရန်ဖြစ် တာတွေတော့ရှိတယ်’’ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် Sexy Danceပါတီပွဲများကို နာမည်ကြီးဟိုတယ် များနှင့်
နိုက်ကလပ်အချို့တွင် ပြုလုပ်လျက်ရှိပြီး ထိထိရောက် ရောက်
အရေးယူမှုမရှိခြင်းကို တရားပွဲကျင်းပရန် ခက်ခက်ခဲခဲစီစဉ်ရပုံနှင့် ဥပမာပေး
ပြောကြားသည်။
‘‘အစ်ကိုတို့ တရားပွဲလုပ်ဖို့ ဆိုလနဲ့ချီပြီး
စာတင်ရတယ်။ ဒါ တောင်ခွင့်မပြုတဲ့ ဆရာတော်ဆို လဲပေးရတယ်။ ဒီလိုပါတီပွဲတွေ
ကျတော့ ဘာမှ တင်စရာမလိုသလို အရေးယူတာတွေလည်း မတွေ့ဖူးဘူး’’ဟု ၎င်းက ပြော
ကြားသည်။
ရန်ကုန်မြို့အတွင်း လုပ် ငန်းလိုင်စင်ဖြင့် ခွင့်ပြုသည့်
အ လုပ်များတွင် ယစ်မျိုးလိုင်စင်၊ စားသောက်ကုန်လိုင်စင်နှင့် ကေတီ
ဗီလိုင်စင်များကို တရားဝင်ခွင့်ပြု ထားသည်။ သို့ရာတွင် နေ့၊ ည ကလပ်များ၌
လိင်ပိုင်းဆိုင်ရာ ဆက်နွှယ်သည့် အကများဖြင့် ဖျော်ဖြေမှုများရှိလာ၍
ဒေသန္တရအမိန့်ထုတ်ကာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်လူသိရှင်ကြားပြုလုပ်ခဲ့သည့် Sexy Dance
ဖျော်ဖြေပွဲတစ်ခု မြင်ကွင်း (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 6, 2014
Sexy Dance ဖြင့် ဖျော်ဖြေသည့် နေ့နှင့် ညကလပ်များကို သတိပေး
Sexy Dance ဖြင့် ဖျော်ဖြေသည့် နေ့နှင့် ညကလပ်များကို သတိပေး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 06, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 06, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment