Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 28, 2014

အာဖဂန်တွင် NATO ဦးဆောင်သော တပ်ဖွဲ့များ၏ စစ်ဆင်ရေးပြီးဆုံး





အာဖဂန်နစ္စတန် နိုင်ငံတွင် NATO ဦးဆောင်သော နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ထောက်ပံမှု တပ်ဖွဲ့ ISAF ၏ ၁၃ နှစ်ကြာ စစ်ဆင်ရေး ဆိုင်ရာလုပ်ငန်း တာဝန်များ ဒီဇင်ဘာ ၂၈ ရက်ယမန်နေ့ တွင် တရားဝင် အဆုံးသတ်ပြီ ဖြစ်ကြောင်း သိရသည်။ ယခု အချိန်အခါသည် အာဖဂန်နစ္စတန် တွင် နေတိုးတပ်ဖွဲ့ဝင် များ၏ ခေတ်တစ်ခေတ် ပြီးဆုံးပြီး အာဖဂန်နစ္စတန်၏ ခေတ်တစ်ခေတ် အသစ်တစ်ဖန် ပြန်စပြီ ဖြစ်ကြောင်း နေတိုး တပ်ဖွဲ့ဝင်များမှအာဖဂန်နစ္စတန် အမျိုးသား လုံခြုံရေးတပ်ဖွဲ့ သို့ နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ကိစ္စအဝဝအား ပြန်လည် အပ်နှင်းသည့် အခမ်းအနား၌ ISAF အဖွဲ့ခေါင်းဆောင် အမေရိကန် ဗိုလ်ချုပ်ကြီး ဂျွန်အက်ဖ်ကမ့်ဘဲလ် က ပြောကြား ခဲ့သည်။

ထို့အပြင် အာဖဂန်နစ္စတန် မြေပေါ်တွင် နေတိုး တပ်ဖွဲ့ဝင်များ သွေးမြေကျ ခဲ့ရသည်ကို ထာဝရ အမှတ်ရ နေမည်ဖြစ်ကြောင်း အာဖဂန်နစ္စတန် နိုင်ငံသမ္မတ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး မိုဟာမတ် ဟာနစ်ဖ်အတ်မာ က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ အမျိုးသား လုံခြုံရေးတပ်ဖွဲ့ အနေဖြင့် နိုင်ငံ၏ လုံခြုံရေးကိစ္စ အဝဝကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ တာဝန်ယူ သွားမည် ဖြစ်သည်။

သို့သော် နေတိုးတပ်ဖွဲ့ဝင် ၁၃ဝဝဝ ခန့်သည် အာဖဂန်နိုင်ငံ အတွင်း ၂ဝ၁၅ ခုနှစ်ကုန် အထိ နေထိုင်ပြီး အာဖဂန် တပ်ဖွဲ့ဝင်များကို လေ့ကျင့်မှုများ ဆောင်ရွက် ပေးကာ အမျိုးသား လုံခြုံရေးတပ်ဖွဲ့၏ ဆောင်ရွက်မှု များကို အကြံဉာဏ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၁၃ နှစ်က အမေရိကန် ဦးဆောင်သော နေတိုး တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန် နိုင်ငံသို့ စတင် ခြေချသည့် အချိန်မှစ၍ ယခုနောက်ဆုံး အချိန်ထိ အမေရိကန် တပ်ဖွဲ့ဝင် ၂၂ဝဝ အပါအဝင် နေတိုးတပ်ဖွဲ့ဝင် စုစုပေါင်း ၃၅ဝဝ ကျော် သေဆုံးခဲ့ ရသည်။

#PyiChitThar

No comments:

Post a Comment