ဒီဇင်ဘာ ၁၀ ရက်နေ့က ဗိုလ်ချုပ်ဈေးရှေ့တွင် လူငယ်များ ဖွဲ့စည်းသော Food Not
Bombs Myanmar ပန့်ခ်အဖွဲ့သည် အိမ်ခြေ ရာခြေမဲ့ အောက်ခြေ လူတန်းစားများ၊
လမ်းပေါ် ပိုက်ဆံတောင်း နေကြသည့် သက်ကြီးရွယ်အို အဘိုးအဘွားများ၊
ဆင်းရဲချို့တဲ့ သူများ အတွက် အစားအသောက် လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့်
၎င်းတို့၏ဂီတနှင့် အလှူငွေ ကောက်ခံကာ ပရဟိတ လူမှုရေး လုပ်ငန်း ပြုလုပ်နေကြောင်း
သိရသည်။
အဆိုပါအဖွဲ့ဝင် ကျော်ကျော်နှင့် တွေ့ဆုံမေးမြန်းရာ “ကျွန်တော်တို့ တနင်္လာနေ့
ည ၇ နာရီလောက်ဆိုရင် ဆူးလေခုံးတံတားအောက်မှာ အမြဲရှိတယ်။ ကျွန်တော်တို့
လှူဒါန်းဖို့ ၀ယ်နေတဲ့နေရာ ကတော့ ကုန်တိုက်တွေ၊ စူပါမားကတ်တွေ မဟုတ်ဘူး။
ဆင်းရဲချို့တဲ့တဲ့ လူတန်းစား တွေဆီက ၀ယ်တယ်။ ဆင်းရဲသားတွေကိုပဲ ပြန်လှူတယ်။
ကျွန်တော်တို့အဖွဲ့လေး ဖွဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ ဂီတာတီး ပြီးအလှူခံတာ
ဒီတကြိမ်ဟာ ပထမဆုံး အကြိမ် ပြုလုပ်ခြင်းဖြစ်သည်”ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “မနက်ဖြန်ဆိုရင် လှိုင်သာယာမှာ သွားလှူမှာဖြစ်တယ်။
ဆင်းရဲသောလူတန်းစားတွေ အတွက် အင်္ကျီ၊ လုံချည်အပြင် အစားအသောက်၊
ဆေးဝါးတွေလှူဒါန်းနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်။ လူငယ်တွေ
အသိပညာရှိအောင် ကြိုးစား သွားမှာဖြစ်တယ်။ တောင်းစားနေတဲ့ ကလေးတွေ၊ ကော်ရှူ
နေတဲ့ကလေးတွေကို အဓိကထား လှူဒါန်းသွားမှာ ဖြစ်တယ်”ဟု ပြောပါသည်။
သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 10, 2014
Food Not Bombs Myanmar အဖွဲ့က ဆင်းရဲသားလူငယ်များအတွက် ရန်ပုံငွေရှာ
Food Not Bombs Myanmar အဖွဲ့က ဆင်းရဲသားလူငယ်များအတွက် ရန်ပုံငွေရှာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 10, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 10, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment