Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 13, 2014

Focus အွန်လိုင်း၏ ပရိသတ်အကြိုက်ဆုံးအနုပညာရှင်ဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်

ဒီဇင်ဘာ ၁၃ ရက်တွင် ပရိသတ်များကိုယ်တိုင် မိမိကြိုက် နှစ်သက်သည့် အနုပညာရှင်ကို မဲပေးရွေးချယ်စေသည့် Focus Online မဂ္ဂဇင်း၏ ပရိသတ် အကြိုက်ဆုံးအနုပညာရှင်ဆု ပေး အပ်မည့်အချိန်နီးကပ်လာသည် နှင့်အမျှ မဲအရေအတွက်အများ ဆုံးရရှိနေသော အနုပညာရှင် များ၏ အမာခံပရိသတ်များ ကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လျက် ရှိသည်။

ယင်းမဲပေးရွေးချယ်သည့် အစီအစဉ်ကို ဒီဇင်ဘာ ၆ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် စာရင်းပိတ်မည်ဖြစ် သောကြောင့် အားပေးနေသည့် ပရိသတ်များမှာ ၎င်းတို့ကြိုက် သည့် အနုပညာရှင်များအတွက် မဲအရေအတွက်ပိုမိုရရှိရန်ကြိုး စားနေကြသည်။

သတင်းရေးသားသည့် ဒီဇင် ဘာ ၁၃ ရက် မွန်းလွဲထိ အမျိုးသားအနုပညာရှင်များတွင် နေတိုးနှင့် မြင့်မြတ်တို့က မဲအရေအတွက် အများဆုံးရရှိနေပြီး အမျိုးသမီး အနုပညာရှင်များတွင် မိုးစက် ဝိုင်နှင့် သက်မွန်မြင့်တို့က မဲအရေ အတွက်အများဆုံးဖြင့် ဦးဆောင် လျက်ရှိသည်။

ထိပ်ဆုံးတွင် ရပ်တည်နေသူ များသည် Focus Online က မဲ ပေးရန်ရွေးချယ်ပေးထားသောအနုပညာရှင်စာရင်းတွင် ပါရှိ သည့် အခြားအနုပညာရှင်များနှင့် မဲအရေအတွက်တော်တော်များ များကွာခြားလျက်ရှိပြီး ၎င်းတို့၏ အမာခံပရိသတ်များက ၎င်းတို့ ကြိုက်သည့်အနုပညာရှင်ဆုရရှိ ရန်ကြိုးစားလျက်ရှိသည်။

ထူးခြားမှုအနေနှင့် Focus Online မှရွေးချယ်ပေးသော အနု ပညာရှင်စာရင်းတွင် ဟာသသရုပ် ဆောင် ခင်လှိုင်နှင့် တက္ကသိုလ်ဂွမ်းပုံတို့နှစ်ဦးလည်းပါဝင်ပြီး မဲ အရေအတွက်အများဆုံးရရှိသူ ငါးဦးစာရင်း၌ ပါဝင်လျက်ရှိ သည်။ ပြီးခဲ့သည့်နှစ်က ပရိသတ် အကြိုက်ဆုံးအနုပညာရှင်ဆုတစ် ဆုသာချီးမြှင့်ခြင်းဖြစ်သော်လည်း မဲအရေအတွက် အများဆုံးရရှိ သည့် စိုင်းစိုင်းခမ်းလှိုင်နှင့် မိုးစက် ဝိုင်တို့ကို ပူးတွဲဆုပေးအပ်ခဲ့ပြီး ယခုနှစ်တွင်မူ အမျိုးသား၊ အမျိုး သမီးဆုနှစ်ဆုပေးအပ်မည်ဖြစ် သည်။

ဆုရရှိသည့် အနုပညာရှင်ကို ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာ ပေးမည်ဖြစ်ပြီး မဲအရေအတွက် နှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ် ပါက Focus Online အယ်ဒီတာ အဖွဲ့၏ ဆုံးဖြတ်ချက်သာအတည် ဖြစ်မည်ဟု ပြိုင်ပွဲပြုလုပ်သည့် အဖွဲ့အစည်းက ကြေညာထား သည်။

No comments:

Post a Comment