Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 18, 2014

၂၀၁၄ မှာ ပရိသတ်တွေယူပေးတဲ့ Focus Online ဆုအတွက် အရမ်းကို ပျော်ရွှင်ပြီး ကျေနပ်မိပါတယ်ဆိုတဲ့ အကယ်ဒမီနေတိုး

၂၀၁၄ခုနှစ်အတွက် Focus Online Award အမျိုးသားဆုကို ရရှိ ပိုင်ဆိုင်သွားတဲ့ အကယ်ဒမီနေတိုးရဲ့ ပရိသတ်တွေက ၂၀၁၄ အကယ်ဒမီကလည်း နေတိုးအတွက်များ ဖြစ်လာမလားရယ်လို့ ရင်ခုန် စိတ်လှုပ်ရှားပေးနေကြတဲ့အတွက် အကယ်ဒမီနေတိုးကို ဆုရတဲ့ စိတ်ခံစားချက်များကို မေးမြန်းတီးခေါက်ကြည့်မိတဲ့အခါ “၂၀၁၄အတွက် ကျွန်တော်အရမ်းကို ၀မ်းသာတယ်။ ဒါက ရှင်းရှင်းပြောရရင် အနုပညာရှင်ကိုယ်တိုင် ကြိုးစားလို့ရတဲ့ဆု မဟုတ်ဘူးလေ။ တခြားဆုတွေကတော့ အနုပညာရှင်ကိုယ်တိုင် ကြိုးစားလို့ရတဲ့ ဆုတွေပေါ့။ ဒါကျတော့ ကိုယ့်ကို အားပေးတဲ့ ပရိသတ်ကနေ ပေးတဲ့ဆုဆိုတော့ အရမ်းလဲ တန်ဖိုးထားမိတယ်။ အရမ်းလဲ ၀မ်းသာမိတယ်။ အခုလို Like ပေးခဲ့ကြတဲ့ ကျွန်တော့ ပရိသတ်တွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ ၂၀၁၄ ကတော့ ကျွန်တော့ကို ယူပေးလိုက်တဲ့ ဒီဆုတစ်ခုတွက် အရမ်းကို ပျော်ရွှင်ပြီးတော့ ကျေနပ်နေမိပါတယ်”တဲ့။

ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ပတ်သတ်ပြီး အဓိက ဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ နေတိုးကတော့ ဒီဇာတ်ကားကြောင့် ဆင်ဆာတွေ ပြန်တင်းကြပ်မယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး “ ဟုတ်ကဲ့။ ဒီဇာတ်လမ်းက Presentation အပိုင်းကို အဓိက ဦးစားပေးထားတဲ့ ဇာတ်လမ်းပေါ့နော်။ ပြီးသွားတော့ ရိုက်ရိုးရိုက်စဉ် ဇာတ်လမ်းတစ်ပုဒ်လဲ မဟုတ်ဘူး။ ကျွန်တော်တို့ဒီကားထဲမှာ ပေးချင်တဲ့ မက်ဆေ့တွေလဲ အများကြီးပါသလို လူငယ်တွေရဲ့ စိတ်ဓာတ်ပိုင်းကို ပြင်ဆင်ခိုင်းတဲ့ မက်ဆေ့မျိုးတွေလဲ ပါတယ်။ ဒီလိုမျိုး မသမာမှုတွေ၊ ရက်စက်မှုတွေကို ပပျောက်ဖို့ကျွန်တော်တို့ရည်ရွယ်တယ်။ နောက်ပိုင်းမှာ ပရိသတ်တွေက ဒီလို Presentation ကိုဦးစားပေးတဲ့ ကားမျိုးကို အားပေးလာကြတာတွေ့ရတော့ ကျွန်တော်နဲ့ကိုညို တိုင်ပင်ပြီး ရိုက်ဖြစ်ခဲ့ကြတယ်ပေါ့။ ဒီကားလေးက အချိန်ကုန်ခံပြီး ရိုက်ထားတဲ့ ကားတစ်ကား ဖြစ်တဲ့တွက် ကြည့်ပြီးတဲ့ခါမှာလဲ ဝေဖန်ပေးကြပါဦးလို့။ ဆင်ဆာငြိတာကတော့ ဇာတ်ဝင်ခန်းမှာ လိုအပ်တာထက် ပြတဲ့အပြမျိုးတွေဆို တခါတလေကျ editing ကို အချော မဟုတ်ပဲနဲ့ အကြမ်းသဘောမျိုးတွေမှာ ဆင်ဆာကြည့်ပြီးတဲ့အခါမျိုးတွေလဲ ဖြစ်တတ်တယ်။ ဒီကားကတော့ ဇာတ်သိမ်းအကြီးကြီးကို ဆင်ဆာကြည့်ပြီးတဲ့အခါမျိုးတွေမှာ ကျွန်တော်တို့ရဲ့ ဆိုလိုရင်းကို ပရိသတ်သိသွားမှာပါ။ ဘာကြောင့်ဒီလိုမျိုးပြတယ်။ ဘာကြောင့်ဒီလိုမျိုး ဖန်တီးရတယ်ဆိုတာကို ပရိသတ်နားလည်မှာပါ။ ဒီကားနဲ့ပတ်သတ်ပြီးကျွန်တော်ယုံယုံကြည်ကြည်နဲ့ ပြောရဲတာတစ်ခုက မိသားစုကြည့်လို့ရတဲ့ ဇာတ်ကားတစ်ကားပါ” လို့ ရှင်းပြသွားပါတယ်။

trend myanmar

No comments:

Post a Comment