Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 31, 2014

နှစ်သစ်ကူးည ပြည်လမ်း၊အင်းလျားကန်ဘောင်တွင် ရပ်သည့်ကားများကို ကရိန်းဖြင့်ဆွဲမည်ဟုဆို


ရန်ကုန်- နှစ်သစ်ကူးပွဲတော်ညတွင် ပြည်လမ်း၊ အင်းလျားကန်ဘောင်ကားမရပ်ရသည့် နေရာများတွင် ရပ်နားသောကားများကို ကရိန်းကားများဖြင့် ဆွဲယူသယ်ဆောင်သွားမည်ဟု သတင်းရရှိသည်။

‘‘ကားတွေကို ကရိန်းနဲ့ သယ်ဖို့အတွက်တော့ အခုနေ့လယ်ကပဲပြောပါတယ်။ ညမိုးချုပ်တဲ့အထိ ရပ်ထားခဲ့တဲ့ကားတိုင်းကို ကရိန်းနဲ့ဆွဲမှာပါ။ ကားမရပ်ဖို့လည်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ ရှင်းမှာပါ’’ဟု စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်လမ်းရှိ အင်းလျားကန်ဘောင်သည် လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ နယ်နိမိတ်ထိစပ်နေသောကြောင့် နှစ်ဖက်ရဲစခန်းမှလည်း လုံခြုံရေးကို ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်မှူးများကဆိုသည်။

‘‘ဒီလို နှစ်သစ်ကူးညဥ့်နက်ပိုင်းတွေမှာ လူငယ်တွေအလာများပြီး သောက်စားထားတော့ ရန်ဖြစ်ကြတာတွေရှိတယ်။ အများပြည်သူတွေအနှောင့်အယှက်မဖြစ်အောင် တော့ လုံခြုံရေးဆောင်ရွက်ပေးသွားမှာပါ’’ဟု ရဲအရာရှိတစ်ဦးကပြောသည်။

အင်းလျားကန်ဘောင်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ တက်ရောက်ခွင့် ပိတ်ထားသော်လည်း ပွဲတော်ရက်များတွင် အချိန်တိုးမြှင့်ပေးကြောင်း လုံခြုံရေးတာဝန်ကျသော ရဲအရာရှိများကဆိုသည်။
http://7daydaily.com/story/28248#.VKQ2N3uIVdd

No comments:

Post a Comment