CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, December 30, 2014
နှစ်သစ်ကူးညတွင် သတ်မှတ်ချိန်ထက် ကျော်လွန်ရောင်းချသည့် အရက်နှင့် ဘီယာဆိုင်များ အရေးယူမည်
ဖိုးတုတ်(လှည်းတန်း)
လာမည့်နှစ်သစ်ကူးည တွင် ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ရောင်းချမည့် အရက်နှင့် ဘီယာ ဆိုင်များကို သတ်မှတ်ချိန်ထက် ကျော်လွန်ရောင်းချပါက တည်ဆဲ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။
‘‘သူတို့ဆိုင်တွေဖွင့်ချိန် ပိတ် ချိန်ကို လိုင်စင်ထုတ်ပေးကတည်းက သတ်မှတ်ပေးပြီးသားပါ။ အချို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက လည်း ပြောင်းတာမကြာသေး တော့ ဒီနှစ် ၁၁ လပိုင်းမှာပဲ ခရိုင်အလိုက်အစည်းအဝေးတွေလုပ်ပြီး ခုလိုရောင်းတဲ့ဆိုင်တွေ အရေးယူဖို့ လုပ်ထားပါတယ်’’ဟု ၎င်းတို့က ပြောသည်။
အရက်ရောင်းသည့်ဆိုင်များတွင် ဘီယာဆိုင်အများစုမှာ ည ၁၁ နာရီနောက်ပိုင်းပိတ်သော် လည်း ရပ်ကွက်အတွင်း ၂၄ နာရီ ဖွင့်သည့် မီနီမားကက်ဆိုင်အများ စုမှာ ရောင်းချလျက်ရှိသည်ဟု သာကေတမြို့နယ်နေ ကိုသူရက ဆိုသည်။
‘‘မိုးချုပ်ရင်တော့ ဘီယာဆိုင်တွေ ပိတ်တယ်။ အရက်ရောင်းတဲ့ ဆိုင်တွေကတော့ ပိုက်ဆံရှိရင် ကြိုက်တဲ့အချိန်သွားဝယ်လို့ရပါ တယ်။ ဒီဘက်မှာတော့ လာဖမ်း တယ်ဆိုတာတွေတော့ မကြားမိ သေးဘူး’’ဟု ၎င်းက ပြောသည်။
အရက်၊ ဘီယာရောင်းချ သော ဆိုင်များကိုလည်း ဆယ် တန်းစာမေးပွဲနီးသည့်အခါမျိုး တွင်သာ သက်ဆိုင်ရာမှ စာထုတ်အကြောင်းကြားလေ့ရှိသည်ဟု ဆိုင်ဖွင့်သူအချို့က ပြောသည်။
‘‘ဆိုင်မှာတော့ မနက် ၆ နာရီကနေ ည ၉ နာရီထိတော့ ခွင့်ပြု ထားတယ်။ ခုချိန်ထိတော့ နှစ်သစ်ကူးပွဲတွေအတွက်တော့ စာထုတ်ပြီး အကြောင်းကြားတာမျိုးတော့ မလာသေးဘူး။ တစ်ခါတလေတော့ သက်ဆိုင်ရာဌာနတွေက လာဖမ်းတာတော့ရှိပါတယ်’’ဟု ကမာရွတ်မြို့နယ်အ တွင်း ၂၄ နာရီဖွင့်လှစ်သော ဆိုင် မှ ၀န်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိဖွင့်လှစ်ရောင်းချနေ သည့် အရက်ဆိုင်များကို ဖမ်းဆီး ရာတွင် သာမန်အဆင့်သာ ဖမ်းဆီးနေခြင်းဖြစ်ကာ စီမံချက်ပုံစံဖြင့် သတ်သတ်မှတ်မှတ် ဖမ်းဆီးမည်ဆိုပါက ရာဇ၀တ်မှုများလည်း ယခုထက်ပိုမိုလျော့နည်းနိုင်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစုက ပြောသည်။
http://7daydaily.com/story/28183#.VKJ1aP8JAA
နှစ်သစ်ကူးညတွင် သတ်မှတ်ချိန်ထက် ကျော်လွန်ရောင်းချသည့် အရက်နှင့် ဘီယာဆိုင်များ အရေးယူမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 30, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 30, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment