၂၀၁၃ အကယ်ဒမီနဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့အမြင်ကို အပိုင်း ၃ ပိုင်းခွဲပြီး
ပြောပြသွားတဲ့ နေတိုးက အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ပေမဲ့ ပရိသတ်အတွက်
သူပေးဆပ်မဲ့ အနုပညာ အရည်အသွေးကိုတော့ တစ်စက်မှမချပဲ ပုံမှန်အတိုင်းပဲ
ကြိုးစားသွားမယ့်အကြောင်း ခုလို ပြောပြပေးသွားပါတယ်။ “အကယ်ဒမီပွဲကို
ရုပ်ရှင်အစည်းအရုံးက ကျင်းပတယ်။ အဲ့ဒီတော့ ကျွန်တော်နဲ့ပတ်သတ်ပြီး
ဆန်ကာတင်ကားတွေ ပါတဲ့တွက် ပရိသတ်ကလဲ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့
မျှော်လင့်တဲ့တိုင်း ဖြစ်မလာခဲ့ဘူး။ အဲ့ဒီအပေါ်မှာတော့
စိတ်မကောင်းဖြစ်မိတယ်။ ပြောစရာကတော့ ဒီလောက်ပါပဲ။ ဒါပေမဲ့ ပွဲအမြင်ကို
အစအဆုံး သုံးသပ်ရရင်တော့ ပွဲက ပျော်စရာကောင်းနေတယ်။ ပထမပိုင်းမှာ၊ နောက်
အလယ်လောက်မှာတော့ အရမ်းဝမ်းသာဖို့ကောင်းတယ်။ နောက်ဆုံးတော့ ရယ်စရာ
ကောင်းသွားတယ်လို့မြင်မိတယ်။ ခံစားမှု သုံးမျိုးဖြစ်သွားတယ်ပေါ့။
ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့။ ပရိသတ်လဲ သေချာပြန်ကြည့်ကြည့်မယ်ဆိုရင်
ကျွန်တော်ပြောတဲ့ ရသမျိုးခံစားရမှာပါ။ အကယ်ဒမီနဲ့ ပတ်သက်ပြီး
ပွဲတစ်ဝက်လောက်မှာကတည်းက ကျွန်တော် သိပြီးသား။ ဒါပေမဲ့ ဒီလိုမျိုး
ပွဲတစ်ခုမှာ ကျွန်တော်တို့အနုပညာရှင်တွေ စုံစုံညီညီ ရှိနေတာက ပရိသတ်တွက်၊
နောက်ပြီးတော့ ကြည့်နေတဲ့ ပြည်သူတွေတွက် ပိုပြီးတော့ ပြည့်စုံစေတယ်။
ကျွန်တော့ကိုလဲမြင်မှာပါ။ နှစ်တိုင်း ကျွန်တော် ဆုရတဲ့သူတွေကို ဂုဏ်ပြုတယ်။
သူတို့တွက်လဲ တကယ့်ကို ၀မ်းသာပေးတာပါ။ ပွဲပြီးဆုံးအောင်လဲ နေခဲ့ပါတယ်။
အဓိက က အနုပညာအလုပ်လုပ်တယ်ဆိုတာ ပရိသတ်ကို ဖျော်ဖြေချင်တာ၊ နောက်ပရိသတ်ကို
ပေးဆပ်တာပေါ့။ ကိုယ်ကိုတိုင်ကလဲ အနုပညာသမား တစ်ယောက်ဖြစ်တဲ့တွက် ပရိသတ်ကို
ဖျော်ဖြေချင်တယ်။ ကျွန်တော့်အနုပညာကို ပရိသတ်အားပေးတယ်ဆိုရင် ဒါကျွန်တော်
ကြိုးစားရကျိုးနပ်တယ်။ ဒီလိုမျိုးဆုတွေ ပေးတဲ့အချိန်မှာ
ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေကတော့ ရစေချင်မှာ အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့
အနုပညာအလုပ် လုပ်တယ်ဆိုတာ ပရိသတ်တွေကို ပေးဆပ်နေတာပါ။ အဲ့ဒီတွက် ရခဲ့ရင်လဲ
အရမ်းကြီး ကျွန်တော့်တွက် ပျော်ရွှင်မှုဆိုတာမရှိသလို မရခဲ့ရင်လဲ
ဝမ်းနည်းမှုဆိုတာ မရှိပါဘူး။ အကယ်ဒမီနဲ့ပတ်သတ်ပြီး လွဲတာကတော့ ဒါပဲလို့ပဲ
ပြောချင်ပါတယ်။ ပညာရှင်တွေလဲ ဆုံးဖြတ်ထားတာပဲ၊ ဒီအပေါ်မှာတော့ ကျွန်တော့်
အနေနဲ့ပြီးပြီးသား ကိစ္စတစ်ခုအပေါ်မှာ အပြစ်မြင်တာတို့ ဘာတို့မရှိပါဘူး။
တစ်ခုပြန်တွေးကြည့်မိတာကတော့ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုတွေက အကယ်ဒမီ
တန်းမ၀င်တာလို့လားတောင် ပြန်အောက်မေ့ မိတယ်။”လို့ သူက ပြောပြပါတယ်။
ဇာတ်ကားလက်ခံရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး သူထပ်ပြောသွားတာက “ဇာတ်ကားတွေ
လက်ခံတဲ့ အပေါ်မှာလဲ ကျွန်တော် ဘယ်တော့မှ ဒီနှစ်တွက် ဒီကား ၊ နောက်နှစ်အတွက်
နောက်ကားဆိုပြီး အကယ်ဒမီကိုကြည့်ပြီး ရိုက်ခဲ့တာမျိုးလဲမရှိခဲ့ဘူး။
တစ်နှစ်စာမှာ ပရိသတ်အားလုံး ရသစုံခံစားရရင် ပြီးရော အဲ့ဒီပေးဆပ်မှု
တစ်ခုတည်းနဲ့ရိုက်ခဲ့တဲ့တွက် ကျွန်တော့်ကားတွေဆို အကယ်ဒမီ ဆန်ကာတင်ပါတဲ့
နှစ်ဆို ၄ ကား၊ ၅ ကား၊ ထပ်တာမျိုးတွေ ရှိတယ်။ ကျွန်တော့်အနေနဲ့
ရုပ်ရှင်ကားကြီး ရိုက်တဲ့အခါမှာ အကယ်ဒမီလိုချင်လို့ တည်ရိုက်တဲ့ကားဆိုတာ
မရှိခဲ့ပါဘူး။ အကောင်းဆုံးပဲ သရုပ်ဆောင်ခဲ့တယ်။ အဲ့ဒီဇာတ်ကားတွေကို
အကယ်ဒမီမပေးဘူးဆိုတော့လဲ မတတ်နိုင်ဘူးပေါ့။ ကိုယ်တွေက
လိုချင်တဲ့သူမှမဟုတ်တာ။ ပရိသတ်ကို ပုံမှန်ပေးဆပ်တဲ့ပုံနဲ့ပဲ
ပေးဆပ်ပါတယ်”တဲ့။
ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ
၆ဆုနဲ့အဆုံးသတ်ခဲ့တဲ့အပေါ်သူ့ရဲ့အမြင်ကိုလဲ “အဲ့ဒါကတော့ ကျွန်တော်
သိပ်သဘောမကျချင်တဲ့ အပိုင်းမှာ ပါတယ်။ လွဲနေတာပေါ့။ ဥက္ကဌကြီးကတော့ အသံတွေ
အရုပ်တွေ တိုးတက်လာပြီလဲ ပြောတယ်။ ဒီဖက်ကလဲ ဆုတွေကလဲ မပေးဘူးဆိုတော့
ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မသိလို့ပဲလား။ ဒါမှမဟုတ်လဲ
ရိုက်ကူးမှု နည်းပညာနဲ့ပတ်သတ်ပြီး သူတို့ အကဲဖြတ်တဲ့ အချိန်မှာ
ကင်မရာနည်းပညာကိုပဲ အကဲဖြတ်မဲ့သူ မရှိလို့ပဲလား။ အရမ်းအံ့သြမိတယ်။
ဇာတ်ညွှန်းလဲ နှမြောတယ်။ ဓာတ်ပုံဆုကိုပဲ နှမြောတယ်။ ဇာတ်ကားဆုကိုပဲ
နှမြောမိတယ်။ အဓိက က အဲ့ ၃ ဆုပေါ့။ နှစ်ဆုလောက်တော့
ပေးသင့်တယ်လို့ကျွန်တော်မြင်မိပါတယ်”လို့ ပြောသွားပါတယ်။
Trend Myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 31, 2014
ဒီနှစ်အကယ်ဒမီမရတာ ကျွန်တော့်သရုပ်ဆောင်ချက်တွေ အကယ်ဒမီတန်းမ၀င်လို့လားဆိုပြီး အောက်မေ့သုံးသပ်မိတယ်လို့ ဆိုလာတဲ့ နေတိုး
ဒီနှစ်အကယ်ဒမီမရတာ ကျွန်တော့်သရုပ်ဆောင်ချက်တွေ အကယ်ဒမီတန်းမ၀င်လို့လားဆိုပြီး အောက်မေ့သုံးသပ်မိတယ်လို့ ဆိုလာတဲ့ နေတိုး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 31, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 31, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment