Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 27, 2014

မယ်ဆိုင်ဆေးရုံမှ ကလေးငယ် မိဘပျောက်ဆုံးမှု ပြန်လည်တွေ့ရှိ


ထိုင်း နိုင်ငံ မယ်ဆိုင်မြို့ဆေးရုံ၌ မိဘနာ မည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် များ မှားယွင်းပေးခဲ့ခြင်းကြောင့် ၄၅ ရက်သား ကလေးငယ်တစ်ဦး၏မိဘ များ ပျောက်ဆုံးနေရာမှ တာချီလိတ် မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ မဇ္ဈိမလူမှုကူညီရေးအသင်း နှင့် ဒေသခံတိုင်းရင်းသားများ၏ ကူညီမှုဖြင့် ကလေးငယ်၏ မိဘများ အား ပြန်တွေ့ရှိခဲ့ပြီဖြစ်သည်။

မိဘများအား ပတ်ဝန်းကျင်မှ ကုသစရိတ်မပေးနိုင်ပါက ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမှ ဖမ်းဆီးထားမည် ဖြစ်ကြောင်းပြောဆိုသဖြင့် ကြောက် ရွံ့ပြီး နေ့စဉ်ငိုကြွေးနေခဲ့ကြောင်း ကလေး၏ မိဘနှစ်ပါးမှာလည်း တောင် ပေါ် တိုင်းရင်းသားများဖြစ်သည့်အလျောက် ဆင်ရဲနွမ်းပါးကာ မသိနား မလည်ခြင်းများကြောင့် ကလေးငယ် အား ပြန်လည်မခေါ်ဆောင်နိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

”ကလေးမိဘနာမည်တွေကို ဆေးရုံမှာ မှတ်တမ်းတင်ခဲ့တုန်းက တစ်မျိုး၊ အခုတွေ့တော့တစ်မျိုးဖြစ် နေတာ၊ အမှန်က ဘာသာစကား မပေါက်တော့ ကြားမှာ နားလည်မှု လွဲသွားတာပါ”ဟု လောစံရှီးရွာသူ ကြီး ဦးကျဒိုက ပြောသည်။

အဆိုပါကလေးငယ်မှာ ရက် မပြည့်မီမွေးဖွားခဲ့သဖြင့် ကျန်းမာရေး ချို့တဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ မယ် ဆိုင်ဆေးရုံမှ ချင်းရိုင်းဆေးရုံသို့ ပို့ ဆောင်ဆေးကုသမှုခံယူစဉ် မိဘများ အား ဆက်သွယ်ရန် လိပ်စာနှင့် နာ မည်များ မှတ်တမ်းတင်စေခဲ့ပြီး နေ ရပ်ပြန်စေပြီး တစ်လကြာမှ ပြန်လာ စေခဲ့ကြောင်းကိုလည်း သိရသည်။

”ကျွန်တော့်ကို တာချီလိတ်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ဝင်းက ဖုန်းဆက်ပြီး လှမ်းအကြောင်း ကြားလို့ ကျွန်တော်တို့လဲ သိသိချင်း လောစံရှီးရွာကို စုံစမ်းခိုင်းခဲ့တာ၊ အဲ မှာ တွေ့တော့တာပဲ။ အဲဒါနဲ့ မဇ္ဈိမ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးတင့် ဆွေကို ဖုန်းဆက်အကြောင်းကြားခဲ့ တာပါ”ဟု မိုင်းကိုးအုပ်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းကတ်ခမ်းက ပြောသည်။

ကလေးငယ်ကို သနား၍ မိုင်း ကိုးအုပ်စုထဲသို ကားတစ်စီးနှင့် ဖြစ် နိုင်တဲ့ ရွာများအား လိုက်ရှာခဲ့ကြောင်း၊ ကလေးငယ်၏မိဘများမှာ အိမ်ထောင် ကျသည်မှာ မကြာသေးကြောင်း၊ လူကြောက်တတ်သူများဖြစ်ပြီး ဗမာ စကားကိုလည်းမတတ်ကြောင်း မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးတင့်ဆွေက ဆိုသည်။

”ပိုက်ဆံမရှိလဲရပါတယ်။ ပိုက် ဆံမရှိလဲရတယ်တဲ့။ ကလေးကို အဖေ အမေဆီပြန်ရောက်ရင်ပဲ ဝမ်းသာပါ ပြီ။ ကလေးက တကယ်သနားစရာ လေးပါ”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ဆေး ရုံမှ ဆရာဝန်မကြီးက ပြောသည်။

”ကျွန်တော့်သမီးကိုမတွေ့တာ တစ်လကျော်ပြီ။ လာခေါ်ချင်ပေမယ့် ကြောက်တာနဲ့၊ ပိုက်ဆံမရှိတာနဲ့ ဘာ မှမတတ်နိုင်ဘူးလေ။ ကျွန်တော်တို့ တောင်ပေါ်မှာနေတော့ ဘယ်လို ဆက်သွယ်ပြီး၊ ဘယ်သူ့ကို အကူအ ညီတောင်းရမှန်းမသိဘူးလေ။ အခု လိုကူညီကြတာ ကျေးဇူးတင်ပါတယ်” ဟု ကလေးငယ်၏ဖခင် ဦးကော့လဲ က ပြောသည်။

ဒီမိုကရေစီတူဒေး
 
via searchmyanmar

No comments:

Post a Comment