Written by သူဇာလင်း
ရန်ကုန်၊ ဒီဇင်ဘာ၂၇။ ပြင်ဦးလွင် ပန်းပွဲတော်၌ ဖျော်ဖြေရာတွင် မန္တလေးမှ ပရိသတ်များကိုဦးစွာ နှုတ်ဆက် ခဲ့ခြင်းကြောင့် တေးသံရှင် အောင်လနှင့် နယ်ခံပြင် ဦးလွင် ပရိသတ်များ ဖျော်ဖြေပွဲအတွင်း ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း အဆိုတော် အောင်လက ပြောသည်။ အောင်လသည် ဒီဇင်ဘာ ၂၁ ဖျော်ဖြေ ပွဲတွင် "မန်းလေး သားတွေ မင်္ဂလာပါ။ မေမြို့သား ပရိသတ်တွေ လည်း ပါတယ်နော်"ဟု နှုတ်ဆက် ခဲ့ခြင်းကြောင့် ပြင်ဦးလွင် ပရိသတ်များက မကျေ မနပ်ဖြစ် ကာ ဖျော်ဖြေနေစဉ် အတွင်း ရေဘူးများဖြင့် ပေါက်ခဲ့ကြခြင်း ဖြစ်သည်။
''မေမြို့ ပန်းပွဲတော်ပွဲမှာ စင်ပေါ် တက်တက်ချင်း ကျွန်တော့် မျက်စိထဲ ရင်းနှီးနေတဲ့ မန်လေးက ပရိသတ် တချို့ကို စင်ပေါ်ကတွေ့လိုက် လို့ပြောမိ လိုက်တယ် ။ မေမြို့ထက် အရင် မန္တလေး ပရိသတ်ကို နှုတ်ဆက်တယ် ဆိုပြီး သီချင်း ဆိုနေတုန်း ကျွန်တော့်ကို မေမြို့က တချို့ ပရိသတ်တွေက နာမည်တပ် ဆဲပြီးရေသန့် ဘူးတွေနဲ့ ပစ်ကြတယ်။
မေမြို့မှာ ဆိုတဲ့ပွဲမှာ မန်းလေးကို အရင်ပြောမိလို့ ကျွန်တော် စကားပြော မှားသွားကောင်း မှားမယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က မိုက်ရိုင်း စော်ကားတဲ့စကား ဘာမှ မပြောမိပဲ တချို့ဆို ရေသန့်ဘူးထဲ သဲအပြည့် ထည့်ပြီး တမင် မနာနာအောင် လုပ်တာမျိုး ဖြစ်တဲ့အတွက် ကျွန်တော် စိတ်မကောင်းတော့ ဖြစ်မိ ပါတယ်” ဟု အောင်လက ပြောသည်။ S.I.R အဖွဲ့ သည် ဒီဇင်ဘာ၂၀ရက်က Grand Royal ပွဲ၌ ဖျော်ဖြေပြီးနောက် နံနက် ၁ နာရီ တွင် ရန်ကုန်မှ ပြင်ဦးလွင်သို့ သွားရောက်ဖျော်ဖြေ ခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ရန်ကုန်ပွဲ ဆိုပြီး ပန်းပွဲတော်ပွဲ ဆိုဖို့ မနက်အစောကြီး ကတည်းက ထလာကြ ရတာပါ။ အိပ်ချိန် နှစ်နာရီ လောက်တောင် မရခဲ့ပဲ မေမြို့ ရောက် တာနဲ့ စင်ပေါ် တန်းတက် ဆိုရတဲ့ ပွဲမှာ ဒီလိုလုပ် ခံရလို့စိတ်မကောင်း ဖြစ်ခဲ့ပေမယ့်လည်း အကောင်းဆုံး ဆိုခဲ့ပါတယ်။ ဘာကြောင့် ဒီလို အပင်ပန်း ခံပြီးလာဆို လဲ ဆိုရင် မေမြို့ကိုလဲ ကြိုက်တယ်။
ပန်းပွဲတော်ကိုလဲ နှစ်တိုင်း ဆိုနေကြ မို့လို့ ပါ။ဒီပွဲကို လာမယ့် ပရိသတ်တွေ ကိုလည်း ဖျော်ဖြေချင်လို့ လာတာပါ။ ပရိသတ်တွေ အနေနဲ့ ကျွန်တော့်ကို ဘယ်လို ပဲဆက် ဆံပါစေ မန္တလေးသား ပဲဖြစ်ဖြစ်၊ မေမြို့သားပဲ ဖြစ်ဖြစ်၊ ရန်ကုန်သားပဲ ဖြစ်ဖြစ် ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်က တစ်ကွင်းလုံးမှာ တစ်ယောက်ထဲ ရှိတယ် ဆိုရင်တောင် အဲဒီ တစ်ယောက်ကို ကျွန်တော်ဆိုပြ မှာပါ။
ပန်းပွဲတော်မှာ ကျွန်တော့်ကို အားပေးခဲ့ ကြတဲ့ ပရိသတ် အားလုံးကို ကျေးဇူး တင်ပါတယ်။ အထူးသဖြင့် ပွဲအပြီး ကျွန်တော့်ကို လာနှုတ်ဆက် အားပေးကြတဲ့မေ မြို့သား ပရိသတ် တွေကို ကျေးဇူး ပါပဲ။ I love you guys။ သူတို့တွေ စိတ်ကျေ နပ်မှု ရရှိစေဖို့ စင်ပေါ်မှာ ဆက်ပြီး နေခဲ့သလို အဆဲ အဆိုလည်း တမင်သက် သက် ခံခဲ့ပါတယ်"ဟု ၎င်းက ဆိုသည်။ ထို့အပြင် ၎င်းက ယင်းပွဲတွင် သီချင်းသုံးပုဒ် ဆိုရန် စီစဉ် ထားသော်လည်း ပရိသတ်များ ကျေနပ်စေရန် အတွက်နောက် ထပ် သီချင်းတစ်ပုဒ်ကို ထပ်ဆိုကာ တောင်းပန်ခဲ့သည်ဟု ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/celebrity/item/35709-2014-12-27-00-57-55
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 28, 2014
အဆိုတော်အောင်လ ပြင်ဦးလွင် ပန်းပွဲတော်တွင် မြို့ခံများနှင့် ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့
အဆိုတော်အောင်လ ပြင်ဦးလွင် ပန်းပွဲတော်တွင် မြို့ခံများနှင့် ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 28, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 28, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment