အချစ်ရေးနဲ့ပတ်သတ်ရင် တစ်ယောက်တစ်မျိုးနဲ့ ဂယက်တွေ ရိုက်နေတဲ့
စုံတွဲတစ်တွဲကတော့ မော်ဒယ်လ်သရုပ်ဆောင်နာမည် နှစ်လုံးပိုင်ရှင်မင်းသား နဲ့
ဖိုတိုမော်ဒယ်လ်အဖြစ် ရပ်တည်နေသူ သန္တာဗိုတို့ စုံတွဲပါပဲ။ ယခုလဲ
အချစ်ရေးနဲ့ပတ်သတ်ရင် အဆင်ပြေအေးချမ်း ပျော်ရွှင်နေပါတယ်လို့ ဖွင့်ဟလာတဲ့
သူမသန္တာဗိုက “အချစ်ရေးက အရင်တိုင်းပဲအေးဆေးပါပဲ။ အချစ်ဆိုတာ တခါတလေ
အရမ်းကို ပျော်ရွှင်မှုပေးပြီး တခါတလေ အရမ်းကို စိတ်ညစ်စရာကောင်းတယ်။
အချစ်ကြောင့် ပျော်ရွှင်ရရင် ဘာနဲ့မှမတူဘူး။ စိတ်ညစ်ရရင်လဲ တော်တော်လေး
စိတ်ညစ်ရတယ်။ အဲ့ဒီတော့ဒွိဟပဲ။ ပျော်ရွှင်မှုပေးသလို စိတ်ညစ်စရာတွေလဲ
တော်တော်လေးပေးတယ်။ ညီမကပဲ နားလည်ပေးရတာ များပါတယ်။ ဒါပေမဲ့ အတိုင်းအတာထက်
ကျော်လွန်သွားပြီဆိုရင်တော့ လူတစ်ယောက်က စိတ်ပျက်စိတ်ကုန်သွားတာမျိုး
သူ့အလိုလိုဖြစ်လာတတ်တယ်။ ပြတ်သွားတတ်တယ်။ ဒါပေမဲ့ အားလုံးကတော့
နားလည်မှုလေးနဲ့ချစ်မယ်ဆိုရင် အရာအားလုံးက အဆင်ပြေမယ်လို့ထင်ပါတယ်။ ဒါပေမဲ့
သစ္စာရှိဖို့တော့ လိုတာပေါ့။ တခါတလေ ညှိရတာပေါ့။ မရရင်
စိတ်ဆိုးစိတ်ကောက်ကြတယ်။
ဒါပေမဲ့သံယောဇဉ်ကြောင့်ပဲပြန်အဆင်ပြေသွားတာများပါတယ်”လို့ သူမက
ပြောပြခဲ့ပါတယ်။
နားလည်ပေးပါ ကို အမ်တီဗီနဲ့ ပတ်သက်ပြီးတော့သူမက
“ပရိသတ်ထံ အမြန်ဆုံး ပေးချင်နေပါပြီလို့ ဖွင့်ဟလာတာကြောင့် အမ်တီဗီကတော့
တစ်ဝက်လောက်ပြီးနေပြီ။ ဘယ်တော့လောက် ထွက်မယ်ဆိုတာတော့
အတိအကျမပြောတတ်သေးဘူး။ ခုလောလောဆယ်ကတော့ အမြန်ဆုံး
ထွက်နိုင်အောင်ကြိုးစားနေတယ်။ နယ်ထွက်တဲ့ခါကျရင်တော့ ကိုယ့်သီချင်းလဲ
ကိုယ်ဆိုတယ်။ သူများသီချင်းတွေလဲ ဆိုဖြစ်တယ်။ ဒီကြားထဲမှာ ရှိုးတွေလဲ
လျှောက်ပေးဖြစ်တယ်။ ဂီတဖက်ကနေ သရုပ်ဆောင်ဖက် ကမ်းလှမ်းထားတာတွေရှိတယ်။
အဲ့ဒါလေးတွေလဲ စဉ်းစားပြီး သေချာလုပ်သွားမယ်။ ကိုယ်ဝါသနာပါတဲ့
အလုပ်တွေကြီးပဲဆိုတော့ အားလုံးကိုမျှပြီး လုပ်သွားမယ်”တဲ့။
http://www.searchmyanmar.com/#content-44283
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 5, 2014
အချစ်ရေးနဲပတ်သက်ပြီး ကိုယ်ဘက်ကပဲ နားလည်ပေးရတာများတယ်လို့ ဆိုတဲ့သန္တာဗို
အချစ်ရေးနဲပတ်သက်ပြီး ကိုယ်ဘက်ကပဲ နားလည်ပေးရတာများတယ်လို့ ဆိုတဲ့သန္တာဗို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 05, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 05, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment