Written by စ ချိုကို
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ အင်ဂျင်နီယာ တက္ကသိုလ် ပညာရေး နှစ် ၉၀ ပြည့် နှင့် ရန်ကုန်နည်း ပညာတက္ကသိုလ် နှစ်ငါးဆယ်ပြည့် ရွှေရတု အခမ်းအနား ကိုဒီဇင်ဘာ ၂၇ ရက် နေ့လည် ၁၂ နာရီခွဲတွင် ရန်ကုန်နည်း ပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ် သွားမည်ဟု မန္တလေး နည်းပညာ တက္ကသိုလ် နှင့် ရန်ကုန်နည်း ပညာတက္ကသိုလ် ဦးစီးကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဦးညီလှငယ်က ပွဲကျင်းပရေးအတွက် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားသည်။
Yangon-IT-UN
ရန်ကုန်နည်းပညာတက္ကသိုလ်ကို ၁၉၆၄ ခုနှစ်က ရန်ကုန် အင်ဂျင်နီယာ တက္ကသိုလ် (Rangon Institute Technology ) အဖြစ် ဖွင့်လှစ်သင်ကြားခဲ့ပြီး ၂၀၁၄ တွင် နှစ်ငါးဆယ် ရှိပြီဟု ၎င်းက ဆိုသည်။
ပါမောက္ခ ဦးညီလှငယ်က “ဒီကျောင်းကို ၁၉၆၃ ခုနှစ်လောက်မှာ စတင်ပြီး ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အင်ဂျင်နီယာ မဟာဌာန အနေနဲ့ ဖွင့်လှစ် သင်ကြားတာ ပါ။ ၁၉၆၄ ခုနှစ် မှာတော့ ရန်ကုန် တက္ကသိုလ် ကြီးရဲ့ လက်အောက်က ဌာနအဖြစ်ကနေ ခွဲထွက်ပြီး တက္ကသိုလ် အဆင့် ဖြစ်လာ တာပါ။ တက္ကသိုလ် အဆင့်မှာ ဒီကျောင်းရဲ့ ပါမောက္ခကျောင်းအုပ်တွေ၊ ဌာနမှုးတွေ ခန့်အပ်ပြီး တက္ကသိုလ် စစ်စစ် ဖြစ်လာတာပါ” ဟု ပြောသည်။
အလားတူ မြန်မာနိုင်ငံ အင်ဂျင်နီယာတက္ကသိုလ် ပညာရေးကို ၁၉၂၄ ခုနှစ်က စတင် ကျင့်သုံးလာခဲ့ပြီး အင်ဂျင်နီယာတက္ကသိုလ် ပညာရေးနှစ် ၉၀ ပြည့်အခမ်း အနားနှင့် (RIT) ကျောင်းကြီး၏ နှစ်ငါးဆယ်ပြည့် ရွှေရတု အခမ်းအနားကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် အင်ဂျင်နီယာ ဘာသာ ရပ် နှင့်ပတ်သတ်သော စက်မှုလက်မှု သင်တန်းများ ဖြစ်သော (Government Institute Technology ) ကို ၁၉၀၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ် သင်ကြား ခဲ့ခြင်းဖြစ် တက္ကသိုလ်ပညာရေးများကိုမှု ၁၉၂၄ ခုနှစ်မှ စတင်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အင်ဂျင်နီယာဘာသာရပ်မှာ စက်မှုလက်မှုသိပ္ပံကျောင်းနဲ့ အင်ဂျင်နီယာဘွဲ့ပေးတဲ့ တက္ကသိုလ် စနစ်ဆိုပြီး အရင်က တည်းက ကျင့်သုံး လာတာပါ။ အခုကျင်းပ တာက တက္ကသိုလ် ပညာရေးနှစ် အတွက် ခုကျောင်းသက် တမ်းနှစ်နဲ့ ပူးတွဲကျင်းပ ခြင်းဖြစ်ပါတယ်” ဟုဆိုသည်။
ရန်ကုန် နည်းပညာ တက္ကသိုလ်၏ နှစ်ငါး ဆယ်ပြည့် ရွှေရတု အထိမ်း အမှတ်ဖြစ် ကျောင်းဝင်း အတွင်းတွင် ရွှေရ တုစွယ် တော်မြိုင် လမ်းကို ဖွင့်လှစ် သွားရန်ရှိ သည်ဟု ရန်ကုန်နည်း ပညာ တက္ကသိုလ် ကျောင်းအုပ် ပါမောက္ခဒေါက်တာ အေးမြင့်က ပြောသည်။
ဒေါက်တာအေးမြင့်က “ဒီကျောင်းကြီးရဲ့ ရွှေရတု အခမ်းအနား အထိမ်း အမှတ် အနေနဲ့ ကျောင်းဝင်း အတွင်းမှာ စွယ်တော် ရိပ်လမ်းကို ဖွင့်လှစ်ပေး သွားမယ်။ လမ်းရဲ့ ဘေးပတ် လည်မှာလည်း နှစ်ငါးဆယ်ပြည့် အနေနဲ့ စွယ်တော်ပင် အပင် ၅၀ ကို စိုက်ထား ပါတယ်။ ဒီရွှေရတု ကျင်းပရေး အတွက်လည်း ကျောင်းသား ၊ ကျောင်းသူဟောင်း အားလုံးက ပူးပေါင်းပြီး အလှူငွေ ထည့်သွင်းပြီး စုပေါင်းပြုလုပ်ကြတာပါ” ဟု ပြောသည်။
ထို့ပြင် ရန်ကုန်း နည်းပညာတက္ကသိုလ်ကျောင်းမှ ပညာသင်ကြားခဲ့သော နာမည်ကျော် စာရေးဆရာများ ရေးသားထားသည့် စွယ်တော်ရိပ် မဂ္ဂဇင်းကို ထုတ်ဝေ သွားမည်ဟု ဆိုသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းက ရန်ကုန်နည်း ပညာ တက္ကသိုလ်ကြီးတွင် ပညာသင် ကြားမှု ပိတ်ထားရာမှ ၂၀၁၂ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားခဲ့ခြင်း ဖြစ် သည်။
မြန်မာနိုင်င်ငံ၏ တက္ကသိုလ်ဝင်ခွင့် အမှတ်အများ ဆုံးဖြစ်သော ရန်ကုန်နည်း ပညာ တက္ကသိုလ်တွင် ဘွဲ့လွန် သင်တန်းများကိုပါ ဖွင့်လှစ်သင်ကြားနေပြီး ၂၀၁၅ -၂၀၁၆ ပညာသင်နှစ်တွင် ကျောင်းသားပေါင်း ၁၄၂၆ ယောက်နှင့် အမြဲတမ်းဝန်ထမ်း ဆရာ၊ ဆရာမ ၁၆၈ ယောက် ရှိသည်ဟု သိရသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 10, 2014
အင်ဂျင်နီယာ တက္ကသိုလ် ပညာရေးနှစ် ၉၀ နှင့် ရန်ကုန်နည်း ပညာတက္ကသိုလ် (အင်းစိန်) နှစ်ငါးဆယ်ပြည့် ရွှေရတုပွဲ ကျင်းပမည်
အင်ဂျင်နီယာ တက္ကသိုလ် ပညာရေးနှစ် ၉၀ နှင့် ရန်ကုန်နည်း ပညာတက္ကသိုလ် (အင်းစိန်) နှစ်ငါးဆယ်ပြည့် ရွှေရတုပွဲ ကျင်းပမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 10, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
December 10, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment